Arc 4🗡78🗡မိမိကိုယ်ကို နှိပ်စက်ခြင်း

114 13 0
                                    

Chapter (78) Arc 4
မိမိကိုယ်ကို နှိပ်စက်ခြင်း

လုရွှမ်၏ ပြောင်းလဲမှုကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်လေရာ သူတော်စင်တစ်ပိုင်း လူနှစ်ယောက်မှာ ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ တုန်လှုပ်မှု၊ မုန်းတီးမှု၊ အားကျမှုများ ရောယှက်သွားတော့သည်။

အကယ်၍များ တခြား အချိန်များတွင် သူသည် သာမန်ထက် အနည်းငယ် သာလွန်၍ ဝှက်ဖဲများ ရှိနေခဲ့လျှင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သေးငယ်သော လူတစ်ဦးမျှသာ ဖြစ်သော်လည်း သူတို့နှစ်ဦး အတူတူ ပူးပေါင်းလျှင်ပင် ပုရွက်ဆိတ်လို တက်ကြိတ်ခံရမှာ သေချာလေ၏။

သို့သော် ယခုအချိန်တွင် လုရွှမ်၏ လှည့်ဖြားစားတာကို ခံရပြီ။ လျှပ်စီးလက်ခံရမည့် အန္တရာယ်ကြောင့် သူတို့အင်အားက အားနည်းလာကာ တစ်ဖက်လူရဲ့ အင်အားကတော့ သိသိသာသာ တိုးလာခဲ့သည်။

အရှိန်က မြန်လွန်းလို့ သူတို့မြင်တာနဲ့ ထိတ်လန့်သွားခဲ့သည်။ လျှပ်စီးကြောင်း အနည်းငယ်မလို့သာ ခံနိုင်ရည် ရှိခဲ့တာ။ မိုးကြိုးဘေးကြီး ကျလာခဲ့ရင် ဘယ်သူက ခံနိုင်မှာလဲ။

အလှမ်း ဝေးလွန်းလှသော နေရာက အားကြီးသူများသည် လုရွှမ် ထောင်ထားသော အခင်းအကျင်း မှော်စက်ဝိုင်းများကို ဖြတ်ကျော်ပြီး ရှေ့သို့ ပြေးသွားရင်း သူတို့အားလုံး စိတ်ပျက်လက်ပျက် ဒေါသကြီးစွာ အဝေးမှ လုရွှမ်ကို အော်ဟစ် ကျိန်ဆဲနေကြသည်။

ထိုအခင်းအကျင်း ဖွဲ့စည်းပုံများသည် တစ်ခုထက် တစ်ခု ပို၍ထူးခြားလာသည်။ လျှိုဝှက်မှော်အခင်းအကျင်း၊ သတ်ဖြတ်ခြင်း အခင်းအကျင်း၊ ပုံရိပ်ယောင် အခင်းအကျင်း ၎င်းတို့အားလုံး ပါဝင်ပြီး တခြားပုံစံများလည်း ပါဝင်နေသည်။

တချို့က ဓားတောင်တန်းများနဲ့ ကြုံတွေ့ရပြီး တချို့က ပင်လယ်ထဲသို့ ပြုတ်ကျကြသည်။ သွေးနှင့် အခင်းအကျင်း ဖွဲ့စည်းခြင်းတို့ကို ဖြတ်သန်းရတာလည်း မလွယ်လှချေ။

တခဏချင်းမှာပဲ ကောင်းကင်ကြီးက မှောင်မဲနေပြီး မြေကြီးကိုလည်း ဖုံးလွှမ်းသွားကာ တခြား အခင်းအကျင်း ပုံစံတစ်ခုက ဖမ်းမိသွားပြန်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now