Arc 4🗡90🗡လုရွှမ်ရဲ့ကျိန်ဆိုချက်

149 15 0
                                    

Chapter (90) Arc 4
လုရွှမ်ရဲ့ကျိန်ဆိုချက်

ရွှီချင့် ထိတ်လန့်သွားပြီး လုရွှမ်၏ အလွန် သတိထားမိသော မျက်လုံးများက လူသေကို ကြည့်နေသလိုမျိုး သူ့ကို ကြည့်နေ၏။ ရွှီချင့်ရဲ့ နှလုံးသား တုန်လှုပ်သွားကာ အလိုလို နောက်ပြန်ဆုတ်သွားမိသည်။

ထိတ်လန့် တုန်လှုပ်နေသော လှိုင်းလုံးများက နှလုံးသားထဲတွင် လှိုင်းထလာရင်း ဒီရေ အတက်အကျလိုမျိုး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားစေသည်။

"မကောင်းတော့ဘူး.... ဒါက စိတ်ဝိညာဉ်သခင်ရဲ့ စိတ်ဝိညာဉ်ရေး တိုက်ခိုက်မှုပဲ"

ပြီးနောက် ဘယ်လိုပဲဖြစ်ဖြစ် သူသည် သူတော်စင်တစ်ပိုင်း ဖြစ်သဖြင့် ရွှီချင့် လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။

သူသည် သူ့လျှာကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ရာ နာကျင်မှုက ချက်ချင်းပင် သူ့စိတ်ကို ပြန်သတိရလာသော်လည်း လုရွှမ်သည် ရှေ့သို့ ဖျတ်ကနဲ ပြေးလာကာ သူ့လက်ထဲတွင် ဓားတစ်ချောင်းကို ဝှေ့ယမ်း၍ ရင်ဘတ်ဆီသို့ ဓားဖြင့်ထိုးလိုက်သည်ကို မြင်လိုက်ရ​လေသည်။

"အား......."

ရုတ်တရက် အော်ဟစ်သံနှင့်အတူ ရွှီချင့်၏ ခွန်အားများ တိုးလာကာ သူ့ရင်ဘတ်ရှေ့တွင် ရောယှက်နေသော အသွင်အပြင်များက ပြင်းထန်သော ရေလှိုင်းများနှယ် ထွက်ပေါ်လာပြီး အသံလှိုင်းများသည် သူ့ဆီ ပြေးလာနေသော လုရွှမ်ဆီသို့ ရိုက်ခတ်သွားသည်။

သူသည် သူ၏ကိုယ်ပိုင် တိုက်ခိုက်မှုကို အလွန်ယုံကြည်မှု ရှိသည်။ အသံလှိုင်း သိုင်းစွမ်းရည်ကို သူလေ့လာလေ သူတော်စင်တစ်ပိုင်း မှန်သမျှက လျှော့တွက်လို့ မရနိုင်လေ ဖြစ်တာကို တွေ့ခဲ့ရသည်။

အစွမ်းထက်ဆုံး နိယာမစွမ်းအင်တွေ ရှိနိုင်ပေမယ့် အားနည်းတဲ့ နိယာမစွမ်းအင် လုံးဝမရှိချေ။ အဲဒါတွေကို ဘယ်လိုသုံးရမှန်း မသိတဲ့လူတွေပဲ ရှိပါသည်။ သူ့ရဲ့စွမ်းအင် လှိုင်းလုံးကြီးသည် ရန်သူ နီးကပ်လာသောအခါ တစ်ဖက်လူကို ဖျက်စီးပစ် ဖြစ်သည်။

သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်လာတဲ့ အသံနဲ့အတူ တစ်ဖက်လူကို လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားစေကာ အနည်းငယ် တုန်ရီသွားစေသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now