Arc 4🗡52🗡မိမိဘာသာသေလမ်းရှာခြင်း

147 13 0
                                    

Chapter (52) Arc 4
မိမိဘာသာသေလမ်းရှာခြင်း

"မလုပ်နဲ့!"

ဟန်ရွှယ်တို့ မိန်းကလေးတွေ တစ်ဖွဲ့လုံး နာကျင်စွာ အော်လိုက်ကြသည်။

ချန်စစ်ယန်လည်း နောက်ဆုံးတွင် နိုးလာခဲ့သည်။ သူမ၏ ခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆သို့ ဖြတ်သွားခဲ့ပြီ။ သူမ နိုးလာသောအခါတွင် လုရွှမ်ရဲ့ နှလုံး​နေရာကို ငါးရောင်ခြယ်မြှား ပစ်သွင်းလိုက်တာကို တွေ့လိုက်ရသည်။

သူမ၏ နှလုံးသားသည် ခဏတာ ရှက်ရွံ့သွားပြီး ဒူးထောက် ထိုင်ချလိုက်သည်။ မျက်ရည်များက ချက်ချင်းပင် ပါးပြင်ပေါ်သို့ စီးကျလာခဲ့တော့သည်။

မြှားသည် အလင်းစီးကြောင်းကဲ့သို့ အလွန်လျင်မြန်ပြီး ကောင်းကင်နှင့် မြေကြီးကို တစ်ချက်ချင်း ထိုးဖောက်ကာ လုရွှမ်၏ နှလုံးသား နေရာထဲကို ထိုးဖောက် ဝင်ရောက်သွားကာ လေထဲတွင် ရပ်တန့်သွားသည်။

သခင်လေးဟန်ရွှီးတို့ အံ့အား သင့်သွားသည်။ ဒါအဓိပ္ပာယ် မရှိဘူးလေ။ ဝိညာဥ်ချီတွေ စုစည်းထားတဲ့ လေးဟာ မြှားတစ်စင်းကို ပစ်လွှတ်လိုက်တာနဲ့ ပစ်မှတ်ကို သတ်ပစ်ပြီး ကောင်းကင်နဲ့ မြေကြီးအတွင်း သဘာဝအတိုင်း ပျံ့လွင့်သွားလိမ့်မယ်။

အဝေးမှ ကြည့်နေသော လူအုပ်ကြီးသည်လည်း သူတို့ဘက်ခြမ်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ သူတို့သည် အသိပညာ နည်းပါးသော်လည်း အခုအချိန်အထိ ကျင့်ကြံခဲ့သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အမြင်အာရုံမှာ ထူးထူးခြားခြား ဖြစ်နေပါပြီ။

လုရွှမ်မှာ သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းခံခဲ့ရသော်လည်း ထူးထူးခြားခြား လွန်ကဲလွန်းသည့် သူ့နှလုံးမှ သွေးတစ်စက်မှ ထွက်မလာပေ။

သခင်လေး ဟန်ရွှီးတစ်ယောက် မျက်မှောင်ကြုတ်လျက် သတိကပ်သွားစဥ် လေပြင်းတစ်ချက် တိုက်ခတ်သွားကာ လုရွှမ်၏ ရုပ်သွင်သည် အမှုန်အမွှား အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီး​​ကြားတွင် ပျံ့လွင့်သွားသည်။

လေထု အလယ်မှာ ရပ်နေတဲ့ ငါး​ရောင်ခြယ်မြှားက ရုတ်တရက် ရွေ့လျားသွား၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now