Arc 3🗡175🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)

192 24 0
                                    

Chapter (175) Arc 3
ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)

"ငလူး... အစ်ကိုကြီးကတော့ အစ်ကိုကြီးပါပဲ ရက်စက်လွန်းတယ်!"

ရှေး​ဟောင်းမြို့၏ ထောင့်တစ်နေရာတွင် ထျန်ကျွင့်နမ်သည် လူထောင်ပေါင်းများစွာ၏ လိုက်သတ်ခြင်းကို ခံရသည့် လုရွှမ်ကို ကြည့်လိုက်ပြီး အံသြသွားသည်။

သူသိတဲ့ အစ်ကိုကြီးက တော်တယ် ဆိုတာ သိပေမဲ့ သူဒီလောက် မိုက်ရဲလိမ့်ယ်လို့ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးချေ။

အင်အားကြီး ထောင်ပေါင်းများစွာ၏ အမုန်းတရားများကို ပွင့်ပွင့်လင်းလင်း ဆွဲဆောင်ခဲ့ပြီး လူများစွာက ၎င်းတို့ကို လိုက်လံဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံရဲသည်အထိ သတ္တိကောင်းလွန်းလှသည်။

"ဒါ.... ဒါ...."

သူ့နှုတ်ခမ်းများ တုန်ခါသွားကာ အကဲဖြတ်ရန် စကားလုံးတစ်လုံးမှ အသုံး မပြုနိုင်တော့ပေ။ ရှန့်ခုန်းချိုင့်ဝှမ်း မပြောနဲ့ တိမ်ပင်လယ် နယ်​မြေကြီး တစ်ခုလုံးကိုတောင် ဒီလိုမြင်ကွင်းမျိုး မြင်ဖူးလိမ့်မည် မဟုတ်ချေ။

"သခင်လေး... ကျွန်​တော်တို့ ကူညီမှာလား?"

ထျန်ကျွင့်နမ်၏ နောက်မှ အစောင့်တစ်ဦးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူတို့သည် လုရွှမ်နှင့် သူတို့၏ သခင်လေးရဲ့ကြားက အကြောင်း ကောင်းကောင်း သိပြီးပြီဖြစ်သည်။

"ကူညီမယ်? ထောင်သောင်းချီတဲ့ ကျင့်​ကြံသူတွေကို တိုက်ထုတ်နိုင်မယ်လို့ မင်းထင်လို့လား? အဲဒီအထဲမှာ ရှောင်းချင်ထျန်းရဲ့ အဆင့်ကို ယှဥ်နိုင်မယ်လို့ ထင်လား?"

ထျန်ကျွင့်နမ် ခေါင်းကို လှည့်ကာ ဟောက်လိုက်သည်။

"ကျွန်တော်..."

အစောင့်သည် တုန်တုန်ယင်ယင်နှင့် ခေါင်းကို အမြန်ခါလိုက်၏။

လာနောက်နေတာလား? သူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇မှာပဲ ရှိနေသေးကာ လူတွေအများကြီးနဲ့ ရင်ဆိုင်ရရင် ဆယ်ဆပိုသန်မာ နေရင်တောင် ဒူးထောက်နေရတုန်းပဲ။

"ဒီလူက ငါ့ရဲ့သူဌေးပဲ... တခြားသူတွေ သူ့ကိုလိုက်ဖမ်း​နေတာ ငါကြည့်မနေနိုင်ဘူး ဒါပေမဲ့ ငါအဲဒီကိုသွားရင်လည်း ငါသူ့ကို မကူညီနိုင်ဘူး.... သူက အရမ်းလိမ္မာ ပါးနပ်တယ် သူ့အစီအစဉ်နဲ့သူရှိရမယ်.... ငါ့အထင် ရှေးဟောင်းမြို့မှာပဲ နေသင့်တယ်... ရတနာတွေကို ရှာရအောင် ဒီရွှံ့ရေထဲမှာ မပါဝင်တာ အကောင်းဆုံးပဲ"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now