Arc 4🗡5🗡သတ်ဖြတ်ပြီ

213 24 1
                                    

Chapter (5) Arc 4
သတ်ဖြတ်ပြီ

"မင်းတို့နှစ်ယောက်က အမှိုက်ပဲကွ!! ငါအရိုက်ခံရတာကို မြင်တာတောင် ဘာလို့ မလှုပ်တာလဲ?? ပြန်ရောက်လို့ကတော့ ငါ့အစ်ကိုကို ပြောပြီး မင်းတို့ကို ကောင်းကောင်းကြီး အပြစ်ပေးခိုင်းလိုက်မယ်!"

ရှီးမန်ကျွင့်က ကျယ်လောင်စွာ ဟောက်လေသည်။

အနီးနားတွင် လူဦးရေ ပိုများလာပြီး စိတ်လှုပ်ရှားမှု များစွာဖြင့် စောင့်ကြည့်ရန်ပင် စုရုံးလာကြသည်။ မြို့တစ်ထောင်မဟာမိတ်၌ သုံးလမ်းသွားဇုန်၊ အကြီးမားဆုံး လက်သီးချက်များ၊ ပူးပေါင်းကြံစည်မှု၊ လျှို့ဝှက်တိုက်ပွဲများ စသည့် အရာများက ဆက်လက် ဖြစ်ပွားနေလို့ လူတိုင်းအတွက် မထူးဆန်းတော့ချေ။

မိသားစုကဲ့သို့ နေရာမျိုးမှာပင် နောက်ပြောင်ခြင်း၊ အချင်းချင်း နောက်ကွယ်တွင် မရေမတွက်နိုင်သော ဓားထိုး သစ္စာဖောက်မှုများလည်း ရှိနေတယ် မဟုတ်ပါလား။

တစ်​ယောက် အင်အားနည်းသွားရင် နောက်တစ်ယောက်က အကျိုးခံစားခွင့် ရလာမယ်လေ။ သံကြေးစားအဖွဲ့နဲ့ ရှီးမန်ကျွင့်တို့ လူတွေ တိုက်ခိုက်တော့မယ် ဆိုတာ တွေ့လိုက်ရတဲ့အခါ လူတိုင်းဟာ ပညာရှိတွေလို စောင့်ကြည့်ချင်ကြလေသည်။

လူများစွာသည် မီးတောက်ကြီးလာအောင် လောင်စာ ထည့်ချင်ကြပြီး အင်အားစုနှစ်စု ချက်ချင်း သေတဲ့အထိ တိုက်ခိုက်ရင် ပိုတောင်ကောင်းလိမ့်မည်။

"အပြင်လူလေး နည်းနည်းကိုများ ဘာကို ကြောက်နေ​ကြတာလဲ"

"ရှီးမန်မိသားစုက လူတွေ ဘယ်တုန်းက ဒီလောက် သူရဲဘောကြောင်ပြီး အရိုက်ခံရတာတောင် ပြန်မတိုက်ရဲအောင် ဖြစ်သွားတာလဲဟ!"

သေချာတာပေါ့။ တစ်စုံတစ်ယောက်ဟာ မီးတောက်ကို ချက်ချင်း လောင်စာထည့်တော့သည်။

"လုပ်လေ! အမှိုက်နှစ်ကောင်... အခုထိ မလုပ်သေးဘူးလား!"

ရှီးမန်ကျွင့်၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းလာပြီး ညာဘက်ရှိ အဆင့်၆ရှိ အစောင့်ကို ခြေဆန့်၍ ကန်ပစ်လိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now