Arc 4🗡19🗡စက္ကန့်အပိုင်းအတွင်းသတ်ခြင်း

171 20 0
                                    

Chapter (19) Arc 4
စက္ကန့်အပိုင်းအတွင်းသတ်ခြင်း

"ထွက်လာပြီ!"

ရှီးမန်ဝေ့ အသံကျယ်ကြီးနဲ့ ဟစ်အော်လိုက်သည်။ ဒီကောင်က တော်တော်လေး သတ္တိကောင်းနေတာပဲ။ နောက်ဆုံး ဆယ်မိနစ်မှ ပြေးထွက်လာတာ အချိန်မမီဘဲ အထဲမှာ သေသွားမှာကို မကြောက်ဘူးလား။

လျိုမိသားစု၏ ဘိုးဘေးသည် ဘာမှမထူးခြားသလို ဘေးနားတွင် ရပ်နေသည်။

"အမ်?"

တစ်ဖက်လူတွေ သူ့ကိုမြင်ပြီး လုရွှမ်လည်း ထိုလးနှစ်ဦးကို မြင်လိုက်ရသည်။ ဖီးနစ် တောင်ပံများကိုခတ်ကာ အရှိန်အဟုန်ဖြင့် အထက်သို့ပျံတက်သွားသည်။ သို့သော် မီတာ ၂၀ ကျော်မျှသာ ပျံသန်းပြီးနောက်တွင် လှောင်အိမ်တစ်ခုထဲ ပိတ်မိသွားလို ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

"မင်းတို့က ထောင်ချောက်တစ်ခု စီစဉ်ထားတာပဲ"

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

"ဟားဟား ကောင်လေး... ဒီတစ်ခါတော့ မင်းဘယ်ကို ပြေးဦးမလဲ ကြည့်ရသေးတာပေါ့!"

ရှီးမန့်ဝေ့ ရယ်မောပြီး သူ့မျက်နှာကလည်း ယုတ်တာမှု အပြည့်နဲ့ တောက်ပနေလေသည်။

ဒီထောင်ချောက်ကို ဆင်ထားတာ ကြာပါပြီ။လေထုကို တားမြစ်ထားရုံ သာမက မြေအောက်ကိုလည်း အလုံပိတ်ထားသည်။ လုရွှမ် ထောင်ချောက်ထဲကို ဝင်သွားတာနဲ့ အမြင့် ၂၀ မီတာကနေ ၃၀ မီတာအထိသာ ပျံသန်းနိုင်လိမ့်မည်။

"ပြီးတော့ မြေကြီးထဲ ထိုးဖောက်ပြီး ထွက်ပြေးတဲ့ နည်းလမ်းကို သုံးဖို့လည်း မစဉ်းစားနဲ့... ဘိုးဘေးစီစဉ်ထားတဲ့ အခင်းအကျင်းက မင်းစိတ်ကူးထားတာထက် ကျော်နေပြီကွ!"

ရှီးမန်ဝေ့ အော်ဟစ်ရင်း သူ့ခန္ဓာကိုယ်ကို အရိပ်တစ်ခုလို လှုပ်ရှားလိုက်ပြီး လုရွှမ်ဆီသို့ ပြေးသွားလိုက်သည်။

"လာပြန်ပြီ ဒီလှည့်ကွက်!"

အစပိုင်းမှာတော့ ဒီလှည့်ကွက်က အနည်းငယ်ဆန်းသစ်နေခဲ့ပြီး လုရွှမ်လည်း ကြိုတင်ပြင်ဆင်မှု မရှိတဲ့ကြား သူ့ကို လွတ်မြောက်စေခဲ့ပေမယ့် အခုတစ်ခါ ထပ်လာပြန်ပြီ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now