Arc 4🗡33🗡ပြိုကျသွားပြီ

155 15 0
                                    

Chapter (33) Arc 4
ပြိုကျသွားပြီ

"မင်းမတတ်နိုင်ရင် လာပြောမ​နေနဲ့!"

လုရွှမ်ရဲ့ စကားကို ကြားပြီးနောက် ချက်ချင်းပင် စိတ်သဘောထား ကောင်းခဲ့တဲ့ စားပွဲထိုးရဲ့ အမူအရာလည်း ပြောင်းသွား​​တော့သည်။

တော်ဝင်အင်ပါယာ နံပါတ်​တစ်​ မိသားစုဖြစ်​တဲ့အတွက်​ လျိုမိသားစုဟာ သဘာဝအားဖြင့်​ မာန​ထောင်​လွှား​သော ခံစားချက်​တို့ ရှိ​နေ​ပေသည်​။ ဘိုးဘေးရဲ့ သေဆုံးမှု သတင်း​ ပြန့်​နှံ့သွား​သော်​လည်း လျိုမိသားစု၏ ထိပ်တန်း ကျွမ်းကျင်​သူ​၏ သေဆုံးခြင်းသာ ဖြစ်​သည်​။

ကျန်​​နေတဲ့ အခြေခံအုတ်မြစ်ကတော့ မပျက်စီးသေးပေ။

ဖြောင်း!

လုရွှမ် သူ့ကို တိုက်ရိုက် ပါးရိုက်ပစ်လိုက်ပြီး

"မင်းက ဘာလဲ? မင်းငါ့ကို ဒီလိုမျိုး ပြောဖို့ သတ္တိရှိတယ်ပေါ့!!"

ဒီတစ်ခါတော့ ပြဿနာ လာရှာတာကြောင့် ဒီကိုရောက်လာတာနဲ့ လုံးဝယဉ်ကျေး မ​နေတော့ဘူးလေ။

"လူတစ်ယောက် ပြဿနာ ရှာနေပြီ!"

စားပွဲထိုးက အရိုက်ခံရပြီးနောက် အော်ဟစ်လိုက်တော့သည်။ လျိုမိသားစုရဲ့ လူကို ဒီလိုနေရာမှာ ရိုက်နှက်ဝံ့သူ တစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းသာ ဖြစ်သည်။

သူ့အော်သံကြားတော့ အစောင့်အကြပ် တော်တော်များများက ချက်ချင်း ပြေးချလာကြသည်။

"ကောင်လေး!! မင်းဆေးမှား သောက်လာတာလား? မင်းကဒီမှာ ပြဿနာ ရှာရဲတယ်ပေါ့!"

အစောင့်များသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ ၎င်းတို့ လက်ထဲတွင်ရှိသော လက်နက်များ အားလုံးသည် တစ္ဆေနယ်ပယ် အလယ်အလတ် အဆင့် လက်နက်များဖြစ်ပြီး ကျင့်​ကြံ​မှု အခြေခံများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂တွင် ရှိကြသည်။

ဒီလို စွမ်းအားမျိုးနဲ့ တချို့တော်ဝင် အင်ပါယာတွေမှာ လွှမ်းမိုးနိုင်တဲ့ တည်ရှိမှု ဖြစ်သော်လည်း ဒီနေရာမှာတော့ အစောင့်တစ်ဦး ဖြစ်ရန်သာ လုံလောက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now