Arc 3🗡188🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)

213 20 0
                                    

Chapter (188) Arc 3
ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)

"ယွမ်ချီကို သန့်စင်ရအောင်"

သစ်သားနှလုံးသားကို သူ့လက်ထဲတွင် အကြီးမားဆုံး ဝှက်ဖဲဖြင့် သန့်စင်ပြီးနောက် လုရွှမ်သည် လုံးဝမရပ်တန့်ဘဲ သူ၏စစ်မှန်သော ဝိညာဥ်စွမ်းအင်ကို အဆက်မပြတ် လည်ပတ်စေ၍ ယွမ်ချီကို သန့်စင်နေလိုက်သည်။

ယွမ်ယန်ကျင့်စဥ်သည် အဆင့်၂ အသေးစား အောင်မြင်မှုနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ယွမ်ချီ၏ အသွင်ပြောင်းမှု အရှိန်သည် ယခင်ကထက် နှစ်ဆနီးပါး တိုးလာခဲ့သည်။

ချိုင့်ဝှမ်းမှ ထွက်ခွာလာချိန်အတွင်း သူသည် နန်းတော်ပင်လယ်နှစ်ခု၏ ယွမ်ချီ ငါးပုံတစ်ပုံကျော်ကို သန့်စင်ပြီးပြီ ဖြစ်သည်။ ဤသို့ဖြင့် ယွမ်ချီနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို လွယ်လွယ်ကူကူ ရောက်သွားခဲ့သည်။

ယွမ်ချီနယ်ပယ်၏ အလယ်အလတ် အဆင့်တွင် ခွန်အားများ တိုးလာသည်မှာ ထင်ထင်ရှားရှား မဟုတ်ဘဲ ၁ သန်းခန့်သာ တိုးလာခဲ့သည်။

နှစ်ရက်ဆက်တိုက် လေ့ကျင့်ပြီးနောက် သုံးရက်မြောက်နေ့မှာ ဖန့်ဝူဆွေ့ နဲ့ တခြားသူတွေက အမြန်ပဲ ပြန်​ရောက်လာခဲ့ကြသည်။ သူတို့ပြန်လာပြီး သိပ်မကြာခင်မှာပဲ ချိုင့်ဝှမ်းကြီးတစ်ခုလုံး ပိတ်သွားပြီး "ဝုန်း!" ဆိုတဲ့ အသံနဲ့အတူ အရာအားလုံး ပျောက်ကွယ်သွားခဲ့၏။

နောက်တစ်ကြိမ်ဖွင့်ရင် နောင်နှစ် တစ်ရာကျော်လောက်မှ ဖြစ်လိမ့်မည်။

"သူဌေး.... ကျွန်​တော်အရင် ပြန်လိုက်မယ် သိပ်မကြာခင် သူဌေးကိုရှာဖို့ ပေရွှီးအင်ပါယာကို လာခဲ့မယ်!"

ထျန်ကျွင့်နမ်သည် လုရွှမ်ကိုရှာရန် ပေရွှီးအင်ပါယာမှ လူတိုင်းနောက်သို့ လိုက်လာခဲ့ပြီး လေးနက်သော ကတိတစ်ခုလည်း ပေးခဲ့သည်။

ချိုင့်ဝှမ်းတွင် ဝိညာဉ်နယ်ပယ်အဆင့် လေ့ကျင့်ရေး နည်းလမ်းများ အနည်းဆုံး တစ်ဒါဇင်ခန့် ရရှိခဲ့သည်။ ၎င်းတို့ကို မိသားစုထံ ပြန်ပို့ပါက သူ၏ အဆင့်အတန်းကို ထပ်မံ မြှင့်တင်ရန် လုံလောက်ပေလိမ့်မည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now