Arc 4🗡18🗡စိတ်စွမ်းအား ထိုးဖောက်သွားပြီ

155 18 0
                                    

Chapter (18) Arc 4
စိတ်စွမ်းအား ထိုးဖောက်သွားပြီ

ရှေ့သို့ဆက်၍ လျှောက်လာရင်း လုရွှမ်သည် မကြာမီခင်မှာပဲ ခူးရုန်မြက် အပြုံလိုက် ပေါက်နေတာကို တွေ့လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင် ၄ပင်သာ ဖြစ်သော်ငြားလည်း စစချင်း နေ့တစ်ဝက်လောက် ရှာနေတဲ့ အခြေအနေထက် ပိုကောင်းလာသည်။

ဆေးရည်အဖြစ် သန့်စင်ပြီးနောက် ရှေ့ဆက်လျှောက်လာခဲ့သည်။

သုံးပင်၊ ငါးပင်၊ ဆယ့်သုံးပင်!

လုရွှမ် ရုတ်တရက် ခူးရုန်မြက် ရှာဖွေရတာ ပိုမိုလွယ်ကူလာတာကို ရုတ်တရက် တွေ့လိုက်ရပြီး တစ်ခါတွေ့တိုင်းလည်း ပိုပိုများလာခဲ့သည်။

ဘာဖြစ်တာလဲ? ဒါက ဘာတွေများ ဖြစ်​နေတာလဲ?

သုံးလေးနာရီအကြာတွင် လုရွှမ်ဟာ ခူးရုန်မြက် ၈၃ပင်ရဲ့ ဆေးရည်ကို စုပ်ယူ​ပြီးနေပြီ ဖြစ်သည်။  စိတ်ဝိညာဉ် စွမ်းအားကလည်း ၁၈ကို ထိုးဖောက်နိုင်ဖို့ အရမ်း နီးကပ်နေပြီ ဖြစ်သည်။

ယခုအချိန်တွင် လုရွှမ်ရဲ့ နှလုံးခုန်သံတွေ အနည်းငယ် မြန်ဆန်နေပြီး မယုံနိုင်လောက်အောင်ပင် အံ့သြနေမိသည်။ ဂူလမ်းကြောင်း၏ ဆွေးမြေ့နေသော ထောင့်တစ်နေရာ၌ နောက်ထပ် ခူးရုန်မြက် အပင်၅၀လောက်ကို ထပ်ရလိုက်ပြန်၏။

ဝူး!

လုရွှမ် သူ့စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်ဘဲ ချက်ချင်း ရိတ်သိမ်းလိုက်သည်။

ဒီခူးရုန်မြက် ပမာဏနဲ့ဆို စိတ်စွမ်းအား ၁၈အထိ ထိုးဖောက်ဖို့ အားလုံးကို စုပ်ယူဖို့ မလိုအပ်ပေ။ စိတ်စွမ်းအား အတိုင်းအတာ ၁၈ဆိုတာဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉နဲ့ ညီနေပြီ။ နောက်တစ်ကြိမ် လျိုမိသားစု ဘိုးဘေးနဲ့ တွေ့ရင်တောင် ပြန်တိုက်ဖို့ အင်အားမရှိမှာ မပူရတော့ဘူး။

ခူးရုန်မြက်များ အားလုံးကို စုဆောင်းပြီး အပင် ၁၇ ပင်သာယူ၍ ကျန်တာတွေကို ကျောက်စိမ်းပြားထဲ၌ ချန်ထားလိုက်သည်။ အပင် ၁၇ ပင်ကို ပေါင်းစည်း၍ ဆေးရည်အဖြစ် သန့်စင်လိုက်သည်။

ထိုဆေးရည်များကို သူ့ဗိုက်ထဲသို့ မျိုချလိုက်ပြီး မကြာမီတွင် သူ့ စိတ်ဝိညာဉ်စွမ်းအားတွေ လျင်မြန်စွာ မြင့်တက်လာတယကို ခံစားလိုက်ရသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now