Arc 4🗡109🗡သတ်လိုက်

87 14 0
                                    

Chapter (109) Arc 4
သတ်လိုက်

ကမ္ဘာကြီးဟာ တခဏချင်း မည်းမှောင်သွားသလို ပတ်ဝန်းကျင်က တောင်တန်းတွေနဲ့ သစ်တောတွေ အားလုံး မှိန်ဖျော့သွားပြီး စူးရှတဲ့ ဓားတစ်ချောင်းရဲ့ အလင်းရောင်ပဲ ကျန်​ခဲ့သည်။

တုံးဖန်းပိုင် ထိတ်လန့်သွားပြီး လူသတ်ဓားဆီသို့ သွေးစစ်များကို အလိုလို ထွေးထုတ်လိုက်သည်။ ယခုလို အသက်ရှင်​ခြင်းနှင့် သေခြင်းတို့ အကြားတွင် သူတီထွင်ခဲ့သော ဗီဇသည် ဓားကို တစ်ဖက်က တားဆီးရန် သူ့ကံကောင်းမှုအပေါ် မူတည်လာကြောင်း နားလည်စေခဲ့သည်။

အမှောင်ထဲတွင် စိမ်းပြာနဂါးကြီးက မထင်မရှားပုံ ပေါက်သော်လည်း တခဏချင်းတွင် တောက်ပစွာ ထွန်းလင်းလာကာ ရှည်လျားသော မျက်လုံးများသည် တောက်လောင်နေသော နေနှစ်စင်းကဲ့သို့ အမှောင်ထုကို ထိုးဖောက်သွား၏။

ပြင်းထန်သော ဓား အရှိန်အဝါနှင့် စိမ်းပြာနဂါးတို့ ပြင်းထန်စွာ တိုက်မိသွားသည်။

ဝုန်း!

လူသတ်ဓားသည် စိမ်း​ပြာနဂါး​၏ ဦးခေါင်းဆီသို့ ခုတ်ချလိုက်သည်။ စိမ်းပြာနဂါးသည် သူ့ခေါင်းကို လှည့်လိုက်ပြီး သူ့လက်သည်းများက လူသတ်ဓားဆီသို့ သွက်လက်စွာ ဆုပ်ကိုင်ထားလိုက်သည်။

လုရွှမ် သူ့စိတ် ယိမ်းယိုင်သွားကာ နဂါးသည်လည်း သူ့ကိုယ်တိုင်ကဲ့သို့ မောပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရသော်လည်း ဒီအတိုင်းတော့ ဇွဲမလျှော့ပစ်နိုင်ပေ။

လုရွှမ်သည် ဤလှုပ်ရှားမှုကို အသုံးပြုရန် အလွန် အားနည်းနေသေးကြောင်း သိထားပါ၏။ သူသည် စိမ်းပြာနဂါးအား ဆက်လက်ခွန်အားပေးနိုင်မည် ဆိုပါက ဒီလောက် မခက်ခဲတော့မှာ သေချာ​လေသည်။

ယခု စိမ်း​ပြာနဂါး ချင်းလုံနှင့် ပြင်းထန်သော ဓားတိုက်ပွဲတွင် ဘယ်သူနိုင်ပြီး ဘယ်သူ ရှုံးမယ်ဆိုတာ ကံကြမ္မာအတိုင်းသာ ဖြစ်လိမ့်မည်။

ပေါက်ကွဲသံနှင့်အတူ ကောင်းကင်တစ်ခွင် တောက်ပလာကာ စိမ်း​ပြာနဂါးပြာ ပျောက်ကွယ်သွားသလို လုရွှမ်လည်း သွေးတစ်လုတ် ထွက်ကျလာခဲ့သည်။ လူသတ်ဓားလည်း နှစ်ပိုင်းကွဲသွားပြီး ပတ်ဝန်းကျင်က ဖြည်းဖြည်းချင်း ပြန်လည် ရှင်းလင်းလာ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now