Arc 3🗡226🗡နဂါးရုပ်တု

189 22 0
                                    

Chapter (226) Arc 3
နဂါးရုပ်တု

"ဟုတ် ဟုတ်ကဲ့... ချန် ချန်ယန်နန်း​ဆောင်ထဲမှာပါ"

မိန်းမစိုးက တုန်တုန်ယင်ယင်နဲ့ ပြန်ဖြေ၏။

သေချာတာကတော့ ဒီမိန်းမစိုးကြီးရဲ့ အဝတ်အစားတွေက အပြင်ဘက်မှာ ရှိတဲ့ မိန်းမစိုးတွေနဲ့ သိသိသာသာ ကွဲပြားလေ၏။ ဒါ့အပြင် သူက အသက်ပိုကြီးတဲ့ အတွက် သူ့မှာ ရာထူး တစ်ခုခုတော့ ရှိလိမ့်မည်။

"ကျုပ်တို့ကို ​ခေါ်သွားပေး!"

"ဟုတ်ကဲ့...ဟုတ်ကဲ့"

မိန်းမစိုးကြီးက ထပ်ခါတလဲလဲ ခေါင်းညိတ်လျက် ပြန်ဖြေလေ၏။

ဘုရင်မင်းမြတ် ချန်ရှုံ၏ ချန်ယန်နန်း​ဆောင်သည် များသောအားဖြင့် အစောင့်များစွာရှိပြီး မရေမတွက်နိုင်သော နန်းတွင်းသူများနှင့် မိန်းမစိုးများ ရှိသည်။ ဤအခိုက်အတန့်တွင်တော့ လူသူကင်းမဲ့သွားကာ မည်သူကိုမျှ မမြင်ရတော့ပေ။

ပင်မခန်းမကို ဖြတ်၍ နောက်ဖေး ဥယျာဉ်ကို ဖြတ်လျှောက်လာခဲ့သည်။ ကြီးမားပြီး ဇိမ်ခံအိပ်ခန်းထဲသို့ ဝင်လိုက်ရာ မိန်းမစိုးက တုန်တုန်ယင်ယင်ဖြင့်

"ရတနာခန်းက ဘုရင်မင်းမြတ်ရဲ့ အိပ်ခန်း အောက်ထဲမှာ ရှိပါတယ်... ဒါပေမဲ့ ဘယ်လိုဖွင့်ရမလဲ ဆိုတာ ကျုပ်တကယ် မသိပါဘူး"

"သွားလို့ရပြီ"

လုရွှမ်လည်း ထိုလူအား ထွက်သွားဖို့ အချက်ပြလိုက်သည်။

ထွက်သွားနိုင်​ပြီဟု ကြားသောအခါ မိန်းမစိုးသည် မြှားတစ်စင်းလို လမ်းတစ်လျှောက်လုံး ပြေးထွက်သွားပြီး ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်လုံးထဲမှာ လုရွှမ်နဲ့သာ ခဏလောက် ဆက်နေမယ်ဆိုရင် သူသေရမယ့် အချိန်က ပိုနီးကပ်သွားလိမ့်မယ်။

ထိုမိန်းမစိုး လုရွှမ်ကို လှည့်စားရဲမည် မဟုတ်ချေ။ ရတနာအခန်းသည် ဤအိပ်ခန်းထဲတွင် ရှိရမည်ဖြစ်ပြီး ရတနာအခန်းကို ဖွင့်ရန် ယန္တရားဟာလည်း ဤအခန်းတွင်း၌ ရှိရမည်။

သို့သော် ဘုရင်၏အိပ်ခန်း ဖြစ်သောကြောင့် အခန်းသည် သဘာဝအတိုင်း အလွန်ကျယ်ဝန်းပြီး အဆိုပါ ယန္တရားမှာ ဘယ်နေရာတွင် ရှိနေလဲ ဆိုတာကို ရှာဖွေဖို့တော့ အနည်းငယ် ခက်ခဲနိုင်၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Où les histoires vivent. Découvrez maintenant