Arc 4🗡118🗡ပိုက်ဆံဆုံးရှုံးရပြီ

87 9 0
                                    

Chapter (118) Arc 4
ပိုက်ဆံဆုံးရှုံးရပြီ

ဟော့လန်ဖုန်း ညီအကို ရှစ်ယောက်ရဲ့ မျက်လုံးတွေဟာ ဝိညာဉ်ကျောက်တုံး တစ်သောင်းပါတဲ့ ကတ်ကိုကြည့်ကာ မီးလောင်တော့မလို ဖြစ်သွားသည်။

ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ပဲ ရှိတဲ့လူက ဘာဖြစ်လို့ သခင်တစ်ယောက်လို ဟိတ်ကြီးဟန်ကြီး လုပ်နေတာလဲ?

သူတို့ညီအစ်ကို ၇ယောက် ၈ယောက် ပေါင်းရင်တောင် စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၁သိန်းသာ ရှိကာ လျော်ကြေးပေးဖို့ ၂၀၀၀၀က လိုနေသေး၏။

"စရန်ငွေကို ပြန်အမ်းပေးနိုင်မလား? ကျွန်မ ငှားထားတာ ငါးရက်စာ ရှိတယ်"

ဟုန်ချောင် အခုအချိန်မှာ ရိုးရိုးသားသား ပြောနေခြင်းသာ ဖြစ်သည်။ တစ်ဖက်လူရဲ့ ကျင့်​ကြံမှုဟာ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလဟု သူမထင်မိ၏။ သူမလို ကျင့်ကြံသူတစ်ယောက်က ဒီလိုသေးငယ်တဲ့ အရပ်ကလေးမှာ ဘာကြောင့် တည်းခိုခန်း လာဖွင့်ထားလဲ ကောင်းကင်ကသာ သိလိမ့်မည်။

"ကျွန်တော် ပြန်မအမ်းနိုင်ဘူး.... ရက်အနည်းငယ် ငှားထားတယ် ဆိုရင်တောင် အဲဒါက ရက်အနည်းငယ်ပဲ ရှိသေးတာလေ"

စားပွဲထိုးက သူ့ပါးပြင်ပေါ်က ဒဏ်ရာကို ထိပြီး အလွန်မာနကြီးစွာ အော်ဟစ်လိုက်သည်။ အရင်က မောက်မာနေခဲ့တာ မဟုတ်ဘူးလား။ အခု သူ့အတွက် အကြွေးပြန်တောင်းရမယ့် အချိန်ပဲ။

ထိုအခါ စားပွဲထိုးက ချောင်းဆိုးပြီး ကျယ်လောင်စွာ အော်လိုက်သည်။

"သခင်မလေး... လူတစ်ယောက်မှာ အသား ၂၀ကျင်လောက်ရှိတယ်... အဲ့လောက်ဆို ဝိညာဥ်ကျောက်တုံး ၂၀၀၀၀ ရပါတယ်"

ဒါကိုကြားတော့ ဟော့လန်ဖုန်း ညီအကို ရှစ်ယောက်နဲ့ ဟုန်ချောင်တို့ရဲ့ မျက်နှာတွေဟာ သိသိသာသာ ပြောင်းလဲသွားသည်။ ပြဇာတ်ကို ကြည့်နေတဲ့ ပိုင်ရှင်သခင်မကတော့ သူတို့ရဲ့ အသက် ဒါမှမဟုတ် သေဆုံးမှုကို ဂရုမစိုက်သလို ရယ်မောလိုက်သည်။

"ခဏလေး.... သူက ကျွန်မယောက်ျား သူ့မှာ ပိုက်ဆံရှိတယ်"

ဟုန်ချောင် ရုတ်တရက် အော်ပြီး လုရွှမ်ကို လက်ညှိုး ထိုးပြလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now