Arc 4🗡81🗡အသက်ရှင်ရာလမ်း

140 15 0
                                    

Chapter (81) Arc 4
အသက်ရှင်ရာလမ်း

လုရွှမ်က စကားပြောတဲ့လူကို ကြည့်ဖို့ ခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံး ရှုပ်ပွနေတဲ့ လူကို တွေ့လိုက်ရသည်။ ဆံပင်တွေ ပွပွပွပွနဲ့ တစ်ကိုယ်လုံး သွေးတွေ ဖုံးလုမတတ် ဖြစ်လျက် လက်တစ်ဖက်ပဲ ကျန်တော့၏။

ထို့အပြင် သူ့လည်ပင်းကလည်း တစ်ဖက်ကို စောင်းထားရသေးသည်။ မျက်လုံးတွေက မုန်းတီးမှု ဒေါသစိတ်ကြောင့် ခက်ထန်နေသော်ငြား သူ့ပုံစံမှာ အလွန်သနားစရာ ကောင်း​နေသည်။

"မင်းကြည့်ရတာ သနားစရာပါလား?"

လုရွှမ် သက်ပြင်းချလိုက်သည်။

လောဘရဲ့ အခကား သေခြင်းပေတည်း။

"ဒါက ငါကိုယ်တိုင် သန့််စင်ထားတဲ့ ဆေးလုံးပဲ...  မင်း ဒါမှမဟုတ် မင်းတို့နဲ့ ဘယ်လိုများ ဆိုင်တယ်လို့ ထင်လဲ? ရတနာတစ်ခုကြောင့် အများကြီး ပေးဆပ်လိုက်ရတဲ့ အမြတ်က မတန်ပါဘူး... ဆုံးရှုံးမှုကနေ မုန်းတီးမှုတွေပဲ တိုးလာလိမ့်မယ် မင်းတို့ နည်းနည်းလေးတောင် နားမလည်နိုင်ဘူးလား?"

လုရွှမ်၏ ပေါ့ပါးပြီး သာယာသော အသံသည် လူတိုင်း၏ နှလုံးသားထဲသို့ ရေအေးတစ်ခွက် ရုတ်တရက် လောင်းချလိုက်သကဲ့သို့ ပျံ့နှံ့သွားကာ ခဏတာ စကား မပြောနိုင်အောင် တိတ်ဆိတ်သွားသည်။

တချို့က တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်ရင်း တချို့ကလည်း တစ်ယောက်ကို တစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်နေကြသည်။

"ဟမ့်!"

အေးစက်သော နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာသည်။

"ရတနာတစ်ခုကို မင်းသန့်စင်လိုက်တဲ့ မင်းအပိုင် ဖြစ်သွားပြီလို့များ ထင်နေတာလား? အခုဒီဆေးလုံးက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို ပေါင်းစည်းထားလို့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာဖြစ်နေပြီ... ပြီးတော့ မင်းလို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူက ဒီလိုနတ်ဆေးလုံးကို သန့်စင်နိုင်မယ်လို့ အိပ်မက်တွေ ထမက်နေတာလား?"

လုရွှမ် အေးစက်စက် အကြည့်ဖြင့် လှည့်ကြည့်လိုက်တော့ စကားပြောနေတဲ့ သူက ယွီခွမ်းပဲ ဖြစ်လေ၏။ သူက ကောင်းကင်အလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ မတ်တပ်ရပ်ပြီး မေးစေ့ကို အနည်းငယ် မြှောက်ကာ လူအုပ်ကို ငုံ့ကြည့်လျက် ဟန်ပန်အပြည့်နဲ့ ဆိုနေသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now