Arc 4🗡39🗡 မျှော်စင်ကိုးထပ်

159 20 0
                                    

Chapter (39) Arc 4
မျှော်စင်ကိုးထပ်

သူ့လက်ကို ဆန့်တန်းလျက် အဆင့်၈ ကျင့်ကြံသူရဲ့ လည်ပင်းကို အနောက်မှ ဆုပ်ကိုင်ထားလိုက်သည်။

"လူကြီးမင်း လုရွှမ်... ကျုပ်အသက်ကို ချမ်းသာပေးပါ!"

အခု မြင်ကွင်းက ထိုလူကို အရူးတစ်ယောက်လို ထိတ်လန့်သွားစေခဲ့သည်။ သူ့ရဲ့သူရဲကောင်းဆန်မှုဟာ ဘယ်လိုပဲ ဖြစ်နေပါစေ ဒူးအောက်အထိ ရောက်သွားပြီ ဖြစ်ကာ မြေပြင်ပေါ်မှာ ဒူးထောက် ထိုင်လိုက်တော့သည်။

"မင်းရဲ့အသက်ကို ချမ်းသာ​ပေးဖို့ ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ငါ့ကို အရင်ပြောပါ လွန်ခဲ့တဲ့ နှစ်လက ဘာဖြစ်သွားတာလဲ? အရိပ်လူသတ်ခန်းမ တစ်ခုလုံး ဘယ်လိုလုပ် ပျက်စီးသွားတာလဲ? ကျန်တဲ့ လူတွေ ဘယ်ရောက်သွားတာလဲ?"

တခြားလူတွေ ရှိနေသေးကြောင်း လုရွှမ် သိသည်။ မော့ကောင်းရွှမ်း ရှိနေသရွေ့တော့ သူတို့ သေမှာမဟုတ်ဘူး။ နောက်ပြီး ဖက်တီးရဲ့ နောက်လိုက်ကလည်း ရှိနေသေးတယ်လေ။

"ကျုပ် ပြောပါ့မယ် ပြောပါ့မယ်!"

ထိုလူမှာ စကားပြော နှေးကွေးလွန်းပါက လက်သီး တစ်ချက်တည်းဖြင့် အရိုက်ခံလိုက်ရမည်ကို စိုးရိမ်သောကြောင့် အထပ်ထပ် အလျင်အမြန် အော်လိုက်သည်။

"လူကြီးမင်း ပေါ်မလာတာ ကြာတော့ အားလုံးက ကျုပ်တို့ လျိုမိသားစုရဲ့ အဆိပ်ကြောင့် သေသွားပြီလို့ ထင်နေကြတာ..."

"မင်းရဲ့ လျိုမိသားစု? စိတ်မပူပါနဲ့ .... လျိုမိသားစုရဲ့ အဖွဲ့ဝင်တိုင်းကို သတ်ပစ်မယ်!"

လုရွှမ် ဂရုမစိုက်ဘဲ အေးစက်စွာ ဆိုလိုက်သည်။

"ဒါက... သူတို့ လျိုမိသားစုပါ..  ကျုပ် မဟုတ်ပါဘူး! ကျုပ်ကဒီအတိုင်း ဘုန်းကြီးပါပဲ...လျိုမိသားစုနဲ့ ဘာမှမဆိုင်ပါဘူး..."

ထိုလူမှာ ထိတ်လန့်တကြားနှင့် စကားပြောင်းလိုက်သည်။

"လျိုမိသားစုက လူ​ကြီးမင်းကို အဆိပ်မိပြီးတော့ သေသွားပြီလို့ ထင်နေကြတာ... ဒါကြောင့် သူတို့က ကျွန်တပ်သားတွေနဲ့အတူ အရိပ်လူသတ်ခန်းမကို တိုက်ခိုက်ခဲ့ကြတာပါ!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now