Arc 4🗡75🗡အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ

178 16 1
                                    

Chapter (75) Arc 4
အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ

တောက်ပနေသော တိမ်တိုက်များသည် ပို၍ကြီးမားလာပြီး နဂါးများနှင့် ကျားများ၏ ဟိန်းဟောက်သံများကဲ့သို့ တဖြည်းဖြည်း ကျယ်ကျယ်လောင်လောင် ဖြစ်လာသည်။

လုရွှမ်မှာ ယခုအချိန်တွင် လျှို့ဝှက်စွာ အော်ဟစ်နေပြီး ကျီးကန်းကို စိတ်အတွင်းမှ ဆက်သွယ် ပြောဆိုနေလေသည်။

"ကျီးကန်းစုတ် ဒါက ဘယ်လို ဖြစ်တာလဲ??"

လုရွှမ်သည် သူ၏ဦးခေါင်းထက်ရှိ လှိုဏ်ဂူကြီး ပေါက်ကွဲပွင့်သွားပြီး ကောင်းကင်နှင့် မြေကြီး၏ ရောင်ဝါသည် သူ့လက်ထဲတွင်ရှိသော နတ်ဘုရားအသွင်ပြောင်း ဆေးလုံးဆီသို့ စိမ့်ဝင်သွားသည်အား တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားသည်။

စိတ်ဝိညာဉ်စွမ်းအားများ ပြန့်ကျဲသွားကာ ခွန်အားများ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ နတ်ဘုရားအသွင်ပြောင်းဆေးကို လက်တွေ့ မသုံးရသေးသော်လည်း ကျင့်​ကြံမှု အခြေခံကတော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် ၈အထိ တိုးတက်လာခဲ့ပြီ။

"အရူး... မင်းတို့ တိမ်ပင်လယ် နယ်မြေရဲ့ နိယာမတွေက မပြည့်စုံဘူးလို့ မင်းကိုငါ မပြောခဲ့ဘူးလား... မြန့်ရှန်ပန်းဆိုတာ ရတနာတစ်ခုပဲ။ မင်း နတ်ဘုရားအသွင်ပြောင်းဆေးကို သန့်စင်ရင် သဘာဝစွမ်းအင်တွေက သဘာဝအတိုင်း ဖြည့်ဆည်းပေးလိမ့်မယ်.... မင်းကအဲဒါကို ပေါ့ဆခဲ့တာလေ... အခုမှ ဘာတွေ လာအော်နေတာလဲ??"

ကျီးကန်း၏ ပါးစပ်မှတစ်ဆင့် လုရွှမ်သည် သူရောက်ရှိနေသော တိမ်ပင်လယ် နယ်မြေသည် အလွန်ဝေးလံပြီး ကျဉ်းမြောင်းသော ထောင့်တစ်ခုသာ ဖြစ်ကြောင်းကို သိထားပြီးသား ဖြစ်သည်။

ထို့ကြောင့် နောက်ပိုင်းတွင် အပြန်အလှန် အောင်ပွဲများ ရှိလာကာ ဆက်လက် လေ့ကျင့်ရင်း ရှေ့သို့ လမ်းစဆက်ရှာရန်လည်း ဖြစ်ခဲ့သည်။

ဤအခိုက်အတန့်တွင် သဘာဝ စွမ်းအင်နှင့် ရောနှောနေသော ရောင်ဝါသည် လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူသည် လျှို့ဝှက် ဆန်းကြယ်သော ခံစားမှုတစ်ခု ရရှိသွားခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now