Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်

182 21 1
                                    

Chapter (35) Arc 4
ခရမ်းရောင်မီးခို အဆိပ်

ဒေါက်! ဒေါက်!

မြို့ထောင်ချီမဟာမိတ် အဂ္ဂိရတ်ပညာရှင် အဖွဲ့ရှိ အခန်းတစ်ခန်းထဲတွင် အဂ္ဂိရတ်ဆရာ တစ်ဦးသည် အဂ္ဂိရတ်သန့်စင်နေစဥ် အတွင်း တံခါးခေါက်သံကို ကြားလိုက်ရသည်။

"ဘာကိစ္စရှိလို့လဲ?"

ထိုအဂ္ဂိရတ်ပညာရှင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဒုဥက္ကဌကို သတင်းပို့ပါတယ်... လျိုမိသားစုက  လျိုယွင်ဖုန်း ရောက်လာပါတယ်"

အပြင်မှ လူတစ်ဦးက အသံတိုးတိုးဖြင့် သတင်းပို့လာလေသည်။

"ကောင်းပြီ... ခဏ စောင့်ခိုင်းထားလိုက် ငါချက်ချင်း လာခဲ့မယ်"

လျိုမိသားစုထံမှ လူလာကြောင်း ကြားလိုက်ရတဲ့အခါ ဒုဥက္ကဌက ချက်ချင်း တုံ့ပြန်လိုက်သည်။

လျိုယွင်ဖုန်း ဆိုသည်မှာ မကြာသေးခင်က လုရွှမ် တိုက်ခိုက်ရန် အမိန့်ပေးခဲ့သော အဆင့်၈ ကျင့်​ကြံသူ ဖြစ်သည်။ အရပ်ရှည်ပြီး သန်မာသော လူများစွာသည် ဒုဥက္ကဌ ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပဲ မတ်တတ်ထရပ်လိုက်သည်။

"ဒုဥက္ကဌချန်!"

"ယွင်ဖုန်း အားမနာပါနဲ့... စကားမစပ် မင်းငါ့ကို ဘာအတွက် တွေ့ချင်တာလဲ"

ဒုဥက္ကဌချန်မှ မေးလိုက်သည်။

"အစောတုန်းက လုရွှမ် ကျုပ်တို့ လျိုအိမ်ကို ဒုက္ခပေးဖို့ ရောက်လာတာ ကောင်းကင်မှာ ပြန့်ကျဲနေတဲ့ အဆိပ်ငွေ့တွေကြောင့် သူ အဆိပ်မိသွားပြီ!"

လျိုယွင်ဖုန်း ချက်ချင်း ပြန်ပြောလိုက်သည်။

"ကောင်းတယ်... ခရမ်းရောင် အဆိပ်ငွေ့ပဲ... သူက သူတော်စင်တစ်ပိုင်း မဟုတ်သေးသရွေ့ သေကို သေလိမ့်မယ်!"

ဒုဥက္ကဌချန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး

"လုရွှမ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ပဲ ရှိသေးတာလေ...  မကြာခင်မှာပဲ သူသေသွားတဲ့ သတင်းကို မင်း​ကြားရလိမ့်မယ်"

ခရမ်းရောင် အဆိပ်ငွေ့ဆိုတာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ခုလို့ ဆိုနိုင်၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now