Arc 3🗡163🗡အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)

236 26 0
                                    

Chapter (163) Arc 3
အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)

"ဒါ...."

"မှန်တယ်.... ရှေးဟောင်းမြို့ထဲမှာ ရတနာတွေနဲ့ ပြည့်နှက်နေတဲ့ ဒဏ္ဍာရီက ကျယ်ကျယ်ပြန့်ပြန့်ကို ပြန့်နှံ့သွားပြီးပြီ... တစ်ယောက်ယောက်က အဲဒီထဲကို ဝင်ခဲ့လို့ ကောလဟာလတွေလည်း ထွက်လာခဲ့တာ ဖြစ်ရမယ်!"

"အရင်လူတွေ ဝင်သွားခဲ့ဖူးရင်တောင် အခင်းအကျင်း ဖွဲ့စည်းမှုဆိုတာ ရှိနေတုန်းပဲ... ဆိုလိုတာက အခင်းအကျင်းကို မချိုးဖျက်ဘဲ ဝင်သွားတာလား!"

"အခင်းအကျင်းကို မချိုးဖျက်ဘဲ ဝင်သွားတာ? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

လူတိုင်း တုန်လှုပ်သွားကြသည်။

စိတ်ရှုပ်ထွေးနေသော်လည်း ဘေးမှ ကြည့်နေသော သူများက ရှင်းနေပါ​ပြီ။ လုရွှမ်က သူတို့ကို သတိပေးလာသည်နှင့် တစ်ပြိုင်နက် ဤအရာသည် အမှန်ပင် ဖြစ်ကြောင်း လူတိုင်းက ချက်ချင်း သဘောပေါက် သွားကြသည်။

ရှေးဟောင်းမြို့ထဲကို ဝင်ဖို့ အခင်းအကျင်းတွေကို ဖျက်ဆီးပစ်ရမယ် ဆိုရင် အနှစ်တစ်ရာတိုင်း တစ်ကြိမ် ပွင့်နေတဲ့ ချိုင့်ဝှမ်းကြီးမှာ ရှေးဟောင်းမြို့ ထွက်ပေါ်လာချိန်ဟာ အနည်းငယ်ပဲ ရှိခဲ့ရင်တောင် အရင်ဘိုးဘေးတွေရဲ့ ဖျက်စီးခြင်းကို ခံခဲ့ရလောက်ပြီ။ ဘယ်လိုလုပ် အခုချိန်အထိ ရှိနေမှာလဲ?

"ညီလေး... အခင်းအကျင်းကို မချိုးဖျက်ဘဲ ဝင်နိုင်ရင် အကောင်းဆုံးပဲ... ဘယ်နည်းလမ်းနဲ့ ကမ်းလှမ်းချက် ဘယ်လောက် ပေးရမလဲ မသိဘူး??"

ရှောင်းချင်ထျန်းက တစ်ချက် ကြည့်လိုက်သည်။ ဒါကိုကြားတော့ တခြားသူတွေကလည်း တပြိုင်နက် ခေါင်းညိတ်ကြလျက် အာရုံစိုက်လာကြသည်။

စျေးပေးစရာမလိုဘဲ အားကောင်းလှတဲ့ တံဆိပ်ခတ် ကောင်းကင်သားရဲ လေးကောင်ရဲ့ အခင်းအကျင်းကို ချိုးဖျက်ပြီး ဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

"နည်းလမ်းက အရမ်းရိုးရှင်းပါတယ်... ခင်ဗျား တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုပဲ လိုအပ်တယ်!"

လုရွှမ်လည်း တစ်ဖက်လူတွေ တစ်စုံတစ်ခုကို စိတ်ပူနေတယ် ဆိုတာကို သိတာကြောင့် ပြုံးပြီး ဆက်ပြောလိုက်၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now