Arc 3🗡179🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်

206 21 0
                                    

Chapter (179) Arc 3
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်

ဝူအဆင့်၁၀၏ တံခါးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ကမ္ဘာကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ အဖြူရောင် မီးတောက်တစ်ခု ကောင်းကင်မှ ချက်ချင်း ထိုးကျလာကာ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်ပြီး အတွင်းအပြင်ကို လောင်ကျွမ်းသွားသည်။

ဝူအဆင့်၁၀သည် လေးလံပြီး ကောင်းကင်ကြီးပင် မီးတောက်လောင်နေ သကဲ့သို့ ပြင်းထန်လွန်းလှသည်။

လုရွှမ်သည် စာအုပ်ပေါင်းများစွာကို ဖတ်ခဲ့ပြီး ဤဖြစ်စဉ်သည် လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဒေါသဖြစ်စေနိုင်သည်ကို သိရှိခဲ့သည်။ သူသည် ကြောက်ရွံ့ခြင်း တွန်းလှန်ခြင်း မရှိဘဲ သူ့စိတ်ကို ဖြေလျှော့ကာ မီးတောက်များကို သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားစေခဲ့သည်။

"မနာဘူး?"

မကြာခင်မှာပဲ ထူးခြားချက်ကို ရှာတွေ့သွားသည်။

ဒဏ္ဍာရီလာ ကောင်းကင်မီးသည် ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းနေပါက ပြင်းထန်သော ဝေဒနာကို ဖြစ်စေပြီး လူကို နာကျင်စေမည်ဟု ထင်မိသော်လည်း မထင်မှတ်ဘဲ သက်တောင့်သက်သာ ဖြစ်စေသည့် ခံစားချက်ကို ယူဆောင်လာခဲ့သည်။ ပိုလို့တောင် အားကောင်းလာသလိုပင်။

အဖြူရောင် မီးတောက်များ အဆက်မပြတ်လောင်ကျွမ်းမှု အောက်တွင် ခန္ဓာကိုယ်သည်လည်း ပြာမှပြန်လည် မွေးဖွားလာ သကဲ့သို့ လူတစ်ကိုယ်လုံးလည်း အရည်အသွေး ပြည့်ဝသော အသွင်ကူးပြောင်းမှုကို ခံစားနေရလေသည်။

နဂါး၏သွေးသည် သူ့ခန္ဓာကိုယ်နှင့် မရောနှောသွားမီက ခက်ခဲမှုအချို့ ရှိပါသေးသည်။ သို့သော် ယခုအခါ မီးတောက်များ အောက်တွင် ကွဲပြားသွားခြင်း မရှိပဲ ပြီးပြည့်စုံသွားပြီ ဖြစ်သည်။

ဗုန်း!

မီးမလောင်ခင် အချိန်ဘယ်လောက် ကြာသွားမှန်း မသိ။ သူ့ခန္ဓာကိုယ်ဟာ ဖန်သားပြင်လို ကြည်လင်နေပြီး သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အညစ်အကြေးတွေ လောင်ကျွမ်းသွားသည့်နှယ့် သန့်စင် ကင်းစင်သွားသလို ခံစားလိုက်ရသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now