Arc 4🗡125🗡အနက်ရောင်လမ်းကျဉ်း

120 13 0
                                    

Chapter (125) Arc 4
အနက်ရောင်လမ်းကျဉ်း

သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလသို့ ရောက်ရှိ​နေသော ပုဂ္ဂိုလ်၌ပင် သူ၏ အရိုးများသည် ရွှေရောင်နီးပါး ဖြစ်နေလိမ့်မည်။ ယခု အရိုးများမှာ သူတော်စင်စွမ်းအင် အနည်းငယ် ကျန်ရှိနေသေးသည်။

ဒါပေမဲ့ လုရွှမ် အံ့သြသွားတာက ဒီအလောင်းတွေက ကိုက်ထားပြီး အကိုက်ခံရတဲ့ လက္ခဏာတွေ ပြထားတာတောင် အစိတ်အပိုင်းတွေကို ချန်ထားခဲ့ဖို့ မလိုအပ်ဘူးမလား။

လူသားများအတွက် သူတော်စင် သားရဲများသည် ကြီးမြတ်သော ဖြည့်စွက်စာများ ဖြစ်သလို သူတော်စင်သားရဲများ အတွက် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများက ဖြည့်စွက်စာများ ဖြစ်သည်။

၎င်းတို့ကို ကိုက်ထားသော သူတော်စင်သားရဲများက အဘယ်ကြောင့် ထွက်ခွာသွားရသနည်း။ ဒီနေရာမှာ နားမလည်နိုင်တဲ့ ပြောင်းလဲမှုတချို့ ဖြစ်ခဲ့လို့လား။

ကလေးမလေးအပေါ် စိတ်မရှည်သော်လည်း လုရွှမ် ဟုန်ချောင်ရှိရာသို့ ပြန်လှည့်လာခဲ့သေးသည်။ နောက်ဆုံးတော့ သူမက သူ့အသက်တစ်ချောင်းကို ကယ်ခဲ့ဖူးသည်လေ။

လုရွှမ် မျက်နှာပေါ်ရှိ လေးနက်မှုကို မြင်သောအခါ ဟုန်ချောင် သိချင်စိတ်တွေ မထိန်းနိုင်ဘဲ မေးလိုက်သည်။

"ဘာဖြစ်တာလဲ?"

လုရွှမ် သူမြင်ခဲ့သော ကြေကွဲဖွယ် အခြေအနေကို အမြန် ပြန်ပြောပြပြီး ဦးတည်ချက်ပြောင်းရန် ထွက်သွားခဲ့သည်။

ကောလဟာလတွေအရ ဒြပ်ငါးပါး သမင်ကို ဒြပ်ငါးပါးကနေ မွေးဖွားလာခဲ့တာပင်။ အန္တရာယ်ကို အာရုံခံစားနိုင်ပြီး မကောင်းမှု ကင်းအောင် ကုသိုလ်ကံတွေရှာဖို့ မွေးဖွားလာ​ကြတာ ဖြစ်သည်။ လုရွှမ်ဟာ သမင်တစ်ကောင် ရပ်နေတာကို မြင်တဲ့အခါ အနည်းငယ် ပဟေဌိဖြစ်နေတုန်းပင်။

ဒီသမင်လေးဟာ ပဲ့ကိုင်ဖြစ်ပေမဲ့ အရွယ်က သိပ်ငယ်လွန်းသည်။ ဒီအခိုက်အတန့်မှာ ရှေ့ကိုမြင်နေရရင် သံသယဖြစ်စရာ မရှိချေ။

တော်ရုံတန်ရုံ ၎င်းသည် ထိပ်တန်းအဆင့် သူ​တော်စင်သားရဲ ဖြစ်ရန် ထိုက်တန်ပါသည်။ ငယ်ရွယ်သေးပြီး ခွန်အား မရှိသော်လည်း ၎င်း၏ သဘာဝလွန် စွမ်းအားများသည် လူသားတို့၏ ခံယူချက်ထက် ကျော်လွန်နေပါပြီ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now