Arc 4🗡28🗡နဂါးဦးခေါင်း ရေကန်

144 18 1
                                    

Chapter (28) Arc 4
နဂါးဦးခေါင်း ရေကန်

ယွမ်စံအိမ်အား ယခုလိုအင်အားဖြင့် တိုက်ခိုက်မှုသည် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူးသော အရာတစ်ခု ဖြစ်သည်။ နံနက် မိုးလင်းချိန်တွင် မြို့ထောင်ချီမဟာမိတ် အဖွဲ့အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

အလွန်ထိခိုက် လွယ်သော အနံ့ခံအာရုံ ရှိသူတချို့သည် မြို့ထောင်ချီမဟာမိတ်တွင် ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားနိုင်ကြောင်း ခံစားလာရသညအ။

လုရွှမ် အတွက်ကတော့ မနေ့ညကဟာမှာ အသေးအဖွဲ့ ကိစ္စမျှသာဖြစ်ပြီး နောက်နေ့မနက်တွင် ပုံမှန်အတိုင်း ဆက်လက် သွားလာ​နေခဲ့သည်။

အရိပ်လူသတ်ခန်းမရဲ့ အရေးကိစ္စများ အားလုံးကို မော့ကောင်းရွှမ်းထံ လွှဲပြောင်း ပေးခဲ့ပြီမို့ သူ့အတွက် ကိုင်တွယ် ဖြေရှင်းစရာ ဘာမှ သိပ်မရှိတော့ပေ။

ဘာမှလုပ်စရာ မရှိသလို တလမ်းလုံး လျှောက်လာခဲ့ရာ မကြာမီတွင် ယွမ်စံအိမ်သို့ ရောက်လာသည်။

"ဘယ်သူလဲ? ဒါက ယွမ်စံအိမ်.... မင်းမှာ ဘာမှလုပ်စရာ မရှိရင် ရှောင်ထွက်သွားတာ အကောင်းဆုံးပဲ!"

အစောင့်တစ်ယောက်က လုရွှမ်ကို ရှင်းရှင်းလင်းလင်း မသိထားဘဲ သူ့ကိုမြင်တာနဲ့ အသံကျယ်ကျယ်နဲ့ အော်လိုက်သည်။

"လုရွှမ် အလည်လာတယ်လို့ ယန်လိထန်းကို အကြောင်းကြားလိုက်ပါ"

လုရွှမ် စိတ်ထဲမထားဘဲ ပြောလိုက်သည်။

"လုရွှမ်!"

"အရိပ်လူသတ်ခန်းမရဲ့ ခေါင်း​ဆောင်အသစ်!"

"လျိုမိသားစုရဲ့ ဘိုးဘေးကိုလည်း သူသတ်လိုက်တာ ဆိုပဲကွ!"

ချက်ချင်းဆိုသလို အစောင့်အကြပ် တော်တော်များများဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မတိုင်ခင်က လုရွှမ်ကို ကြိမ်းမောင်းခဲ့တဲ့ အစောင့်မှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ လုရွှမ်ကို မသိပေမယ့် ဒီနာမည်ကိုတော့ မကြာခဏ ကြားနေရတယ်လေ။

"ဆရာကြီးလုကိုး!" အစောင့်က ချက်ချင်း လေသံကို ပြောင်းလိုက်ပြီး

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now