Arc 4🗡50🗡ပန်းနီမိန်းကလေး

198 17 1
                                    

Chapter (50) Arc 4
ပန်းနီမိန်းကလေး

လုရွှမ် သူ့လက်ဖဝါးကို မြှောက်လျက် ထိုသခင်လေးရဲ့ မျက်နှာကို ရိုက်ထည့်လိုက်ပြီးမှ လွှတ်ပေးလိုက်၏။

"သခင်မစွင်းလင်ကြောင့် မင်းရဲ့ခေါင်း မင်းလည်ပင်းမှာ ရှိနေသေးတယ်လို့ မှတ်လိုက်!! ထွက်သွား!"

လူငယ်သည် ရှက်ကိုးရှက်ကန်းဖြင့် မြေပြင်မှထကာ ကျိန်ဆဲရန် ပါးစပ်ကို ဖွင့်ဟလိုက်သည်။

သို့သော် အနီရောင် ပန်းတစ်ပွင့်က အေးအေးလူလူ လွင့်ပျံလာကာ သူ့နှာသီးဖျားတွင် ဆင်းသက်လာ၍ အမွှေးရနံ့များ တဖျပ်ဖျပ် လှုပ်ယမ်းနေတာကို မြင်လိုက်ရသည်။ လူငယ်လေးရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး

“မလုပ်ပါနဲ့”

အထိတ်တလန့်နဲ့ အော်ဟစ်ကာ လှည့်ထွက် ပြေးချင်သော်လည်း ရုတ်တရက် ရပ်သွားလေ၏။ သူ့အမူအရာမှာ မျက်လုံးများ ဝိုင်းစက် ပြုံးရွှင်စွာဖြင့် ထိုအနီရောင် ပန်းပွင့်ကို စွဲလမ်းစွာ ကြည့်နေလေသည်။

စွင်းလင်၏ အမူအရာက လှုပ်ရှားသွားသော်လည်း စကားမပြောဘဲ ငြိမ်နေလိုက်သည်။ မျက်လုံးထောင့်တွင် သည်းမခံနိုင်သော အရိပ်အယောင်များ ထွက်ပေါ်လာနေတဲ့ လူတစ်ယောက်ဘက်ကို လှည့်ကြည့်လိုက်သည်။

နှင်းဆီအညှာသည် ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ ထက်ရှစွာဖြင့် လူငယ်၏ နှာခေါင်းရိုးတွင် အမြစ်တွယ်နေ၏။ သွေးထွက်နေသော်လည်း လူငယ်က သတိမထားမိပုံရပြီး တောင့်တသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေသည်။

သူ့ခန္ဓာကိုယ်ရှိ သွေးကြောများ ဖောင်း​ကြွလာပြီး သွေးကြောများသည် အပင်၏ အမြစ်များကဲ့သို့ပင် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး အရေပြားများ တွန့်လိမ်လာကာ နှာတံဖျားတွင် အနီရောင် ပန်းတစ်ပွင့်ကို ဖန်တီးပေးလာလေသည်။

ခဏလောက် ကြာတော့ လူငယ်ရဲ့ ခန္ဓာကိုယ်က သွေးတွေ ထွက်မလာတော့ပေ။ သူ့အသက် ရှူသံတွေ ရပ်တန့်သွားပေမယ့် ပါးပြင်ပေါ်မှာတော့ ထိတ်လန့်တကြား ရုပ်ကြွင်းတစ်ခုလို သို့မဟုတ် တစ်စုံတစ်ခုကို တိတ်တဆိတ် တောင့်တနေတဲ့ အရိပ်အယောင်တွေက ရှိနေသေး၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now