Arc 3🗡214🗡လှောင်အိမ် စွမ်းအင်လမ်းကြောင်း

183 24 0
                                    

Chapter (214) Arc 3
လှောင်အိမ် စွမ်းအင်လမ်းကြောင်း

"ဟုတ်လား? နှမြောစရာပဲ...  မင်းက ငါ့မျက်လုံးထဲတောင် မဝင်ဘူး!"

လုရွှမ် ခေါင်းခါလိုက်လေသည်။

"မင်းရဲ့ စာကြောင်းတစ်ကြောင်းက ငါ့စိတ်ကို တုန်လှုပ်သွားစေမယ်လို့ မင်းထင်နေတာလား?"

ကျန်းရှောက်ထျန်းလည်း ရယ်မောလိုက်သည်။

"မင်းဘာသာ တုန်လှုပ်တာ မလှုပ်တာ ငါ ဂရုမစိုက်ဘူး!"

လုရွှမ် သူ့နောက်ကျောကို လက်နှစ်ဖက် ပစ်လျက် သက်ပြင်းချလိုက်သည်။

"မင်းသာ ဘုရင်မင်းမြတ် ချန်ရှုံနဲ့ ချူဝမ့်ရှန်းကိုသာ ပုန်းအောင်း မနေခိုင်းဘဲ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်ဆိုရင် ငါမင်းကို တကယ် အထင်ကြီးသွားနိုင်တယ်... ဒါပေမဲ့ အခု မင်းက အသက်သေမှာကို ကြောက်ပြီး သတ္တိမရှိတဲ့ ကလေးသာသာပဲ"

"မင်း!!"

ကျန်းရှောက်ထျန်း မျက်နှာ မည်းမှောင်သွားသည်။ ဘုရင်မင်းမြတ် ချန်ရှုံ ဒီလောက် ကောင်းကောင်း ပုန်းနေတာတောင် မမျှော်လင့်ဘဲ လူငယ်လေးအား ရှာတွေ့သွားခဲ့သည်။

တစ်ဖက်လူ ရောက်လာတဲ့ အချိန်တုန်းက သူ ဂရုတစိုက် လေ့လာနေခဲ့တာ ထိုလူငယ်သည် ဘေးဘက်ပတ်ကို လှည့်မကြည့်ဘဲ ဖြည်းညှင်းစွာပင် လျှောက်လာခဲ့သည်။

ဘယ်လိုလုပ် ဘုရင်မင်းမြတ် ချန်ရှုံတို့ ပုန်းနေတာကို သိနေရတာလဲ? သူ့ကို လာလှည့်စားနေတာလား?

"ဟမ်... ဒီမှာ စကား အငြင်းအခုံတွေ လာလုပ်မနေနဲ့.... မင်း ငါ့ညီကို သတ်ပြီး ငါ့ကျောင်းကို အရှက်ရစေတယ်.... ဒီနေ့ မင်းသေမလား ငါသေမလား ဆိုတာပဲ ဆုံးဖြတ်ရမှာ!"

ကျန်းရှောက်ထျန်း အကျယ်ကြီး အော်ဟစ်လိုက်ရာ သူ့အသံက ကောင်းကင်သို့ပင် ပျံ့တက်သွားသည်။

"စဥ်းစားစရာ မလိုဘူး... မင်းပဲ ဖြစ်လိမ့်မယ်!"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ဟမ့် မင်းမှာ စွမ်းရည်မြင့်ပြီး သန်မာတဲ့ ဝိညာဥ်သားရဲ ရှိတယ်ဆိုတာ ငါအရင်ကတည်းက ကြားပြီးသားပါ.... ဒါပေမဲ့ မင်းရဲ့ အရည်အချင်းက မင်းပါးစပ်လိုပဲ အစွမ်းထက်မယ်လို့ ငါမျှော်လင့်တယ်...  !"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now