Arc 3🗡164🗡အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)

220 21 0
                                    

Chapter (164) Arc 3
အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)

ဒီအရာတွေအတွက် တစ်ဖက်လူဆီက တောင်းဆိုရတဲ့ ရည်ရွယ်ချက်က ရှေးဟောင်းမြို့ထဲကို ဝင်ဖို့ မဟုတ်လား။ ဘယ်လိုလုပ် ကျင့်ကြံတော့မယ်လို့ သူ့ပါးစပ်က ပြောထွက်လာတာလဲ?

"ရှေး​ဟောင်းမြို့ထဲကို ဝင်ဖို့က ကောင်းကင် ဝိညာဥ်သားကဲ လေးပါးကနေ ဆင်းသက်လာတဲ့ နောက်မျိုးဆက်ရဲ့ သွေးတွေကို ဆေးဖက်ဝင် ပစ္စည်းတွေနဲ့ ရောမွှေလိုက်ရင် လုံလောက်ပြီလေ... ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေကို လိုအပ်နေဦးမှာလဲ!"

လုရွှမ် ပေါ့ပေါ့ပါးပါးလေး ပြုံးလိုက်သည်။

ရှေး​ဟောင်းမြို့ထဲကို ဝင်သွားဖို့ဆိုတာ အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်။ နောက်ဆုံးတော့ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဒီလိုကြီးကျယ်တဲ့ အနိုင်ကျင့်မှုနဲ့ ပစ္စည်းတွေ မရိတ်သိမ်းလာမိရင် ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်ရလိမ့်မည်။

ထို့အပြင် ရတနာအဆောက်အအုံ၏ လောင်းကစား ကံကနေ အရင်တစ်ခါက သူတော်စင်ပုံစံ ပါရှိသည့် အိုးတစ်လုံးကို ယူဆောင်လာကာ သူ၏စိတ်ဝိညာဉ် စွမ်းအားသည်လည်း ၁.၂ ထိ ရောက်ရှိသွားသဖြင့် သူသည် ​သေမျိုးအသွင်ပြောင်း နယ်ပယ်က ဆေးလုံးတချို့ကို ယုံကြည်စိတ်ချစွာ သန့်စင်နိုင်ပြီ ဖြစ်သည်။

"ဝူအဆင့်၁၀ကို ထိုးဖောက်ချင်ရင် ခွန်အားကို တိုးစေပြီး နယ်ပယ်ကို ဖြတ်ကျော်နိုင်တဲ့ ဆေးအမျိုးအစား အားလုံးက မရှိမဖြစ် လိုအပ်တယ်။ အဲဒီဆေးရဲ့အဆင့်က အရမ်းကြီးလည်း မနိမ့်သလို အရမ်းမြင့်နေလို့လည်း မရဘူး!"

နံ​ဘေးမှ အော်ဟစ်နေသော ကျီးကန်းများကို လျစ်လျူရှုရင်း လုရွှမ်သည် လက်ရှိ အခြေအနေကို လေးလေးနက်နက် တွေးတောမိသွားသည်။

ပစ္စည်းကောင်း များစွာကို တောင်းခဲ့သည့် ရည်ရွယ်ချက်မှာ ဝူအဆင့်၁၀ကို ထိုးဖောက်လေ့ကျင့်ရန်သာ ဖြစ်သည်။

ယခုအခါ ကျင့်ကြံမှုသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သဖြင့် စုစည်းမှု ကာလတစ်ခုပြီးနောက် ဤနယ်ပယ်သို့ ပြေးလွှားနိုင်သော်လည်း ထိုမတိုင်မီတွင် အလျင်စလို မဖြစ်စေရန် လုံလောက်သောပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now