Arc 4🗡49🗡ဆေးဥယျာဉ်

142 16 0
                                    

Chapter (49) Arc 4
ဆေးဥယျာဉ်

"ခေါင်းဆောင်ကြီး!"

အောက်တွင်ရှိ မရေမတွက်နိုင်သော အဂ္ဂိရတ် ပညာရှင်တို့သည် ဤအရာအားလုံးကို သူတို့ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်များလည်း သွေးတွေ ရွှဲလျက်သား။

လုရွှမ်က သူ့နောက်ကျောက အတောင်များကို လှုပ်ရှားရင်း လေထဲတွင် မတ်တပ်ရပ်လျက် ပါးစပ်ကို ဖွင့်ဟကာ နောက်ထပ် နဂါးရွတ်ဆိုသံကို ရွတ်ဆိုလိုက်ရာ နဂါးရွတ်ဆိုသံကို ခံစားလိုက်ရတဲ့ နဂါးနှလုံး၏ ခုန်သံသည် ပို၍ ပြင်းထန်လာပြီး ထက်မြက်သော တန်ခိုးစွမ်းအားက သူ့တစ်ကိုယ်လုံးကို ပြည့်လျှံလာစေတော့သည်။

နှစ်ပေါင်း ၃၀၀ ကျော် တိတ်ဆိတ် ငြိမ်သက်ခဲ့သွားပြီးနောက် အရင်ဘဝက စိတ်ဝိညာဉ် စွမ်းအင်တွေ ပြည့်နှက်နေသော ရူးသွပ်မှုသည် ပြန်လည်ကောင်းမွန်လာမည့် အရိပ်အယောင်များ ရှိနေပုံပေါ်၏။

လုရွှမ် သူ့လက်များကို ဝေ့ယမ်းလိုက်တဲ့အခါ လေလှိုင်းများ ထွက်​ပေါ်လာသည်။ အောက်ဖက်ရှိ အဂ္ဂိရတ်ပညာရှင်များသည် မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး လုံးဝကို ထိတ်လန့်သွား​ကြသည်။

"ကောင်လေး.... မင်းက ငါတို့ရဲ့ အဂ္ဂိရတ်ပညာရှင် ဥက္ကဌကို သတ်လိုက်တယ်ပေါ့... မင်းတော့ သေပြီသာမှတ်!!"

ဝမ်းနည်းစရာ ကောင်းတဲ့ အသံဟောင်းကြီးက သူ့နောက်ကွယ်က ထွက်ပေါ်လာပြီး အသံက တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။ နောက်ဆုံးကျန်ခဲ့တဲ့ အမြင့်ဆုံး အကြီးအကဲကြီးပဲ ဖြစ်ကာ ဒီအချိန်မှာတော့ သူ့အသက်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးသွားခဲ့လေပြီ။

လုရွှမ် အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ လူသတ်သမားတွေက အမြဲတမ်း လူသတ်နေကြတာပဲ။ အစတုန်းက လူသတ်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ့်အလှည့်ကျ လွတ်မြောက်ချင်တယ်ပေါ့လေ။

သိပ်နောက်ကျသွားပြီ!

"ဘယ်သွားမလို့လဲ!"

အတောင်များကို ခတ်ရင်း လုရွှမ် အလွန်လျင်မြန်စွာ ပြေးလိုက်သွားသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now