Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ

183 21 0
                                    

Chapter (211) Arc 3
ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ

"ဟုတ်​ပါတယ်​!" လူငယ်​က မြန်​မြန်​​ ခေါင်းညိတ်​လိုက်သည်​။

"ငါ့ကို စိန်ခေါ်တယ်... သူ့ခွန်အားက ဘယ်လောက်လဲ"

လုရွှမ်က သံသယစိတ်နဲ့ ကြည့်လိုက်သည်။

"စီနီယာ ကျန်းရှောက်ထျန်းက ဒီတစ်ခေါက် စမ်းသပ်မှုမှာ သူ့ရဲ့ ခွန်အားကို အောင်အောင်မြင်မြင် မြှင့်တင်နိုင်ခဲ့လို့ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ယန်ယီးနယ်ပယ်ကို ရောက်ရှိသွားပါပြီ!"

လူငယ်လေးမှာ မဖုံးကွယ်ဝံ့ချေ။

"အဆင့်၇ ယန်ယီးနယ်ပယ်လား? ကောင်းပြီ ငါ စိန်ခေါ်စာကို လက်ခံလိုက်ပြီ.... မနက်ဖြန် လာလာခဲ့မယ်!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်​ကဲ့!"

လူငယ်များသည် တဖြည်းဖြည်း အနောက်​ ဆုတ်​သွားကြ၏။ လူငယ်က ဘာမှ ထပ်မပြောပေမယ့် သူတို့ကို ဖိနှိပ်ထားတဲ့ အစွမ်းထက်တဲ့ ရောင်ဝါကိုတော့ ခံစားနေရသေးသည်။

"သန်မာလိုက်တာ!"

ထွက်သွားသူ လူငယ်များ တစ်ချိန်တည်းတွင် သက်ပြင်းချ လိုက်ကြ၏။

စာကြောင်း တစ်ကြောင်းက လူတွေကို မချေပဝံ့စေသလို စာကြောင်း တစ်ကြောင်းတည်းနဲ့ လူတစ်ယောက်ရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်တဲ့ တကယ့် သန်မာတဲ့သူပဲ။

စိန်​ခေါ်စာကို ပေးပို့တဲ့ လူငယ်တွေကို လျစ်လျူရှုပြီး လုရွှမ် စိန်ခေါ်စာကို ပေါ့ပေါ့ဆဆပဲ ဖွင့်လိုက်သည်။ သူ့ညီလေးကို သတ်လိုက်တဲ့အတွက် ကလဲ့စားချေလိုတဲ့ အကြောင်းအရာပဲ ဖြစ်ကာ အရမ်းရိုးရှင်းပါ၏။

တစ်ချက် ကြည့်လိုက်ပြီးနောက် ဘေးကိုသာ ပစ်ချထားလိုက်သည်။

"သခင်လေး.... ဒီလူက သခင်​လေးကိုတောင် စိန်ခေါ်ရဲတယ်... ကျွန်တော် သူ့ကို အခုသတ်ပဲ သွားသတ်လိုက်ရမလား"

မော့ကောင်းရွှမ်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရင်း စိန်ခေါ်လာသူအား အပြစ်ရှင်းပစ်ချင်သည့် စကားလုံးများကို ဆိုလာ၏။ သူသည် လူငယ်ကို သခင်လေးအဖြစ် အသိအမှတ် ပြုရုံမျှမက လမ်းပါ ရှင်းပေးချင်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now