Arc 4🗡92🗡ကျောင်းကျန့် လက်နက်ချလိုက်ပြီ

107 13 0
                                    

Chapter (92) Arc 4
ကျောင်းကျန့် လက်နက်ချလိုက်ပြီ

"ဘာလို့ တုံ့ဆိုင်းနေသေးတာလဲ? အခွင့်အရေးကို မစွန့်လွှတ်သင့်ဘူးလေ"

ကျောင်းကျန့် ရုတ်တရက် ရယ်မောလိုက်ပြီး မြို့သခင်ရဲ့ စံအိမ်ကြီးထဲကနေ ပြေးထွက်သွားခဲ့လေသည်။

လေထုထဲတွင် ရပ်တန့်နေသော လုရွှမ်ဆီသို့ ပျံသန်းလာသောအခါတွင် တစ်ဖက်လူက ငြိမ်သက် အေးဆေးနေပြီး ကျောင်းကျန့် ရောက်လာမှာကို မျှော်လင့်ထားသကဲ့သို့ နှုတ်ခမ်းထောင့်စွန်းက ကွေးလျက် ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

"သေချာ စဥ်းစားပြီးပြီလား?"

လုရွှမ်က အနည်းငယ် ရုန်းကန်နေရဆဲ ဖြစ်သော ကျောင်းကျန့်ကို တည်ငြိမ်စွာ ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

အသက်ပြင်းပြင်းရှူရင်း ကျောင်းကျန့်သည် အောက်မှ လူအုပ်ကြီး ကောင်းကင်ကို တစ်ယောက်ပြီး တစ်ယောက် မျှော်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သူ့ခမျာ ကူကယ်ရာမဲ့ မျက်နှာကြီး နီရဲလာပြီး သူ့ကိုကြည့်နေမှန်း သိလေသည်။

ဒါပေမဲ့ အခုအချိန်မှာတော့ သူ့စိတ်တွေ လှုပ်ရှားနေ၏။ ထပ်ပြီး တုံ့ဆိုင်းနေရင် သူ့ရဲ့ တည်ငြိမ်နေတဲ့ ပုံမှန်စိတ်တွေ ပျောက်ဆုံးသွားတာကို သိပါသေးသည်။

"ဗုန်း!" ဆိုတဲ့ အသံနဲ့အတူ လေထုက တုန်ခါသွားပြီး ကျောင်းကျန့်ဟာ သူ့ကိုယ်သူ ဒူးထောက်ခိုင်းစေခဲ့တဲ့ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်​ပေါ်လာခဲ့သည်။

"ဒီလက်အောက် ငယ်သား ကျောင်းကျန့်က သခင်လေးကို ဂါရဝပြုပါတယ်... ဒီနေ့ကစပြီး ကျုပ် သခင်လေးနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်" 

ကျောင်းကျန့် သူ့အသံကို တမင်တကာ မြှင့်၍  သူ့အသံလှိုင်းကို မြို့အနှံ့ ဖြန့်ချလိုက်သည်။

သူ့တွင် အစီအမံ တချို့ရှိသော်လည်း သူသည် လက်နက်ချရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သောကြောင့် သူရဲကောင်း ပီသစွာ သူ့ဆန္ဒကို  ပွင့်ပွင့်လင်းလင်း ချပြခဲ့သည်။

တခဏချင်းမှာပဲ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး လူတိုင်းက ကောင်းကင်ထက်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်ကြသည်။ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးဟာ လုရွှမ် ရှေ့မှာ ဒူးထောက်နေ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now