Arc 4🗡8🗡အစိမ်းရောင်ဓားအလင်း

169 21 0
                                    

Chapter (8) Arc 4
အစိမ်းရောင်ဓားအလင်း

"မင်းက ငါ့ညီကို သတ်လိုက်တဲ့ လုရွှမ်လား!"

လုရွှမ် ထွက်လာတာကို တွေ့သော် ရှီးမန်ဝေ့ဟာ စကားလုံးတိုင်းကို လှိုင်းလုံးကြီးလို အမုန်းပွားလျက် ပြောလိုက်သည်။

"လက်စားချေချင်လို့လား?"

လုရွှမ် တစ်ချက် ပြန်ကြည့်လိုက်သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က သူ့ကို လက်စားချေမယ်တဲ့လား။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလတွင်ရှိသော လူတွေကိုတောင် သူသတ်ခဲ့တာ မဟုတ်ပါလား။

ရှီးမန်ဝေ့သာ မပေါ်လာရင် တစ်စုံတစ်ယောက်က လှည့်ကွက်တွေ သုံးပြီး သူ့ကိုချောက်ချဦးမှာ သေချာသည်။ အခု လူကိုယ်တိုင် တံခါးဝကို ရောက်လာပြီဆိုတော့ သူ့ဖက်ကလည်း တုံ့ပြန်ပေးရမှာပေါ့။

"မင်း ဝန်ခံပြီ ဆိုမှတော့ ငါနဲ့တစ်ပွဲလောက် လာတိုက်စမ်း!"

ရှီးမန်ဝေ့ သူ့လက်နှစ်ဖက်ကို ​ဝေ့ယမ်းလိုက်သည်။

လုရွှမ်နဲ့ ရှီးမန်ဝေ့တို့ဟာ မျက်နှာချင်းဆိုင် ရပ်နေ​သော်လည်း အကာအကွယ် အခင်းအကျင်း အတွင်းတွင် ရှိနေသဖြင့် ရှီးမန်ဝေ့အနေနဲ့ အရေးနိမ့်နိုင်သည်။

"ကောင်းပြီ!"

လုရွှမ်သည် တစ်လလောက် ပျံသန်းသားရဲပေါ်မှာ နေလာရလို့ သူ့ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်ချင်နေခဲ့တာ ဖြစ်သည်။

တစ်လအတွင်း နယ်ပယ်ငယ် တစ်ခုသာ တိုးလာသော်လည်း ဆင်သံချပ် ရွှေကိုယ်ထည် အဆင့်၄၊ ဟဲလင်နယ်ပယ် အလတ်အလတ်ကာလ၊ စိတ်စွမ်းအား ၁၆ နှင့် ယွမ်ယန်ကျင့်စဥ်၏ အခြားသော စွမ်းရည်များ ရှိနေလို့ ပိုမိုကျွမ်းကျင်စွာ ပေါင်းစပ်နိုင်သည်။

လွန်ခဲ့သည့် တစ်လက အခြေအ​နေနှင့် နှိုင်းယှဉ်ပါက စုစုပေါင်း တိုက်ခိုက်ရေး စွမ်းအားသည် နှစ်ဆကျော် တိုးလာခဲ့သည်။

သူ့ရှေ့ရှိ တော်ဝင်အင်ပါယာ အင်အားကြီး ထိပ်သီးစာရင်းက အဆင့်၃ လူရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဘယ်လောက်များ ပြင်းထန်လဲ စမ်းသပ်ရန်သာ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now