Arc 4🗡40🗡နောက်ထပ်နှစ်လုံးလောက်

203 21 1
                                    

Chapter (40) Arc 4
နောက်ထပ်နှစ်လုံးလောက်

အဖြူရောင် ဝတ်ရုံကို ဝတ်ထားသော မုတ်ဆိတ်မွေးရှည်နဲ့ ကျင့်ကြံသူဟာ လေထဲမှာ တဝဲလည်လည် လွင့်နေလျက် ရှိသည်။

ထိုအဖြူရောင် ဝတ်ရုံနဲ့ ကျင့်ကြံသူ လက်ညှိုး ညွှန်ပြသည့်အတိုင်း မရေမတွက်နိုင်သော စွမ်းအင်များသည် လုရွှမ်ဆီသို့ ရောက်ရှိလာ၏။ ဒါက တည့်တည့် တိုက်ခိုက်လာသည့် ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးကို ဖြစ်ပေါ်လာစေကြောင်း လုရွှမ် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ထို၀တ်စုံဖြူနဲ့ ကျင့်​ကြံသူသည် အဂ္ဂိရတ်ဆရာအသင်း၏ ကာကွယ်ရေး အခင်းအကျင်းကို ကျွမ်းကျင်ပြီး သူ့ကို နှိမ်နင်းတိုက်ခိုက်ရန် အခင်းအကျင်းရဲ့ စွမ်းအားကို တိုက်ရိုက် အသုံးပြုခဲ့ကြောင်း ကောင်းကောင်း သိလိုက်သည်။

ဒါဆိုရင် ဒီလူဟာ အဂ္ဂိရတ်ပညာရှင်အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်နိုင်၏။

"ဟမ့်!"

ဖိအားကို ခံစားလိုက်ရချိန် လုရွှမ် အေးစက်သော အသံတစ်သံ ထုတ်လိုက်ပြီး နောက်ပြန်ဆုတ်မယ့် အစား အဖြူရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူထံ ပြေးသွားပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ပျံသန်းလာပြီး လမ်းတစ်ဝက်လောက်မှာပဲ တစ်ဖက်လူရဲ့ တိုက်ခိုက်မှုက သူ့အပေါ်ကို ကျရောက်လာ၏။ ချက်ချင်းပင် နောက်ပြန်ခေါက်ပြီး မြေပြင်ကို တိုက်ရိုက် ထိခတ်သွားရာ အပေါက်ကြီးတစ်ခုပင် ဖြစ်သွားသည်။ အပေါက်က အလွန်နက်သောကြောင့် လုရွှမ်၏ ရုပ်ပုံကိုပင် မမြင်နိုင်ပေ။

"သေပြီ!"

အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ အဖွဲ့ဝင်များသည် သက်ပြင်းတစ်ချက် ချလိုက်သည်။

အဖြူရောင်ဝတ်ရုံ မုတ်ဆိတ်မွေး ရှည်တွေနဲ့ လူဟာ ကြီးမားတဲ့ အခင်းအကျင်းရဲ့ စွမ်းအားကို အသုံးပြု တိုက်ခိုက်နိုင်တဲ့ အဂ္ဂိရတ်ဆရာအသင်း ဥက္ကဌဖြစ်တယ် ဆိုတာကို အဂ္ဂိရတ်ဆရာအသင်းမှာ ရှိတဲ့ လူတွေ အားလုံး သိကြသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူတွေ ဥက္ကဌရဲ့ အကာအကွယ် အခင်းအကျင်း စွမ်းအင်ရဲ့ လှုံ့ဆော်မှုအောက်မှာ သုတ်သင်ရှင်းလင်း ခံလိုက်ရတာကိုပင် ၎င်းတို့ မြင်ခဲ့ဖူးကြသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now