Arc 4🗡126🗡ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ

74 11 0
                                    

Chapter (126) Arc 4
ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ

ငှက်၏ မျက်လုံးများသည် လှံဖြင့် အထိုးခံရပြီးနောက် ကန်းသွားကာ အမှောင်ထဲတွင် မြင်ရန် ပို၍ခက်ခဲလာ၏။ ထို့ကြောင့် အထက်သို့ အမြန်တက်သွားသည်။

စွမ်းအင်တချို့ ချည်နှောင်ထားသကဲ့သို့ ရုတ်တရက် အမြင့် ဆယ်ပေအထိ ပျံသန်းသွားပြီးနောက် ငှက်ကလေးသည် ရုတ်တရက် လေထုအလယ်တွင် လောင်ကျွမ်းသွားပြီး မီးလုံးအဖြစ်သို့ ပြောင်းလဲသွား၏။ ရုန်းကန်နေရဆဲ ဖြစ်သော်ငြား ပတ်ပတ်လည်တွင် တောက်လျှောက် တောက်လောင်နေခဲ့သည်။

ထိုမှသာလျှင် လုရွှမ်သည် ဖျက်စီးလင်းနို့သားရဲ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူ​တော်စင်သားရဲ မဟုတ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းတွင် လိမ္မာပါးနပ်သော ရောင်ဝါ မရှိသည့်အပြင် တစ်ကိုယ်လုံးတွင် သွေးဆာနေသော အနံ့အသက်သာ ရှိသောကြောင့် ဖြစ်သည်။

သူတော်စင် သားရဲများနှင့် နှိုင်းယှဉ်ပါက ပြင်းထန်သော သားရဲများသည် အသိဉာဏ်နည်းသော်လည်း ၎င်းတို့၏ ဖျက်စီးနိုင်သည့် စွမ်းအားသည် အံ့သြဖွယ် ကောင်းလှသည်။

လူသတ်သမားများနှင့် တူညီသော အဆင့်ရှိ ဖျက်စီး သားရဲများအတွက်မူ သူတော်စင် သားရဲနှစ်ကောင်ပင် ပြိုင်ဘက် မဟုတ်ပေ။

လုရွှမ် သူအလွန် ကံကောင်းကြောင်း သိသည်။ သားရဲသည် သူ့အဆင့် နိမ့်လွန်းသည်ကို သတိပြုမိသောကြောင့် ပေါ့ပေါ့ဆဆ တိုက်ခိုက်ခဲ့ရာ မျက်စိကွယ်သွားခဲ့သည်။ သို့မဟုတ်ပါက သူတော်စင် အဆင့်၆နဲ့အထက် ခွန်အားရှိသော သားရဲတစ်ကောင်သည် အလွယ်တကူ တိုက်ခိုက်ခံရမည် မဟုတ်ပေ။

မီးလုံးကြီးက တဟုန်းဟုန်း တောက်နေဆဲပင်။ ၎င်း၏အော်သံများ နားကိုအင်မတန် စူးစေလို့ ဟုန်ချောင်၏ မျက်နှာမှာ ဖျော့တော့လာခဲ့သည်။ သူမ၏ ဝိညာဉ်သည် ထိတ်လန့်လုနီးပါး ဖြစ်နေလေပြီ။

ထိုအခိုက် လုရွှမ်ရဲ့ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်လာခဲ့သည်။ စိမ်းပြာနဂါး၏ နှလုံးက ပြင်းထန်စွာ တုန်ခါနေကာ ဒီအသံက သူ့ကို လုံးဝ မခြိမ်းခြောက်နိုင်ပေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now