Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)

210 24 0
                                    

Chapter (171) Arc 3
ရတနာ ထွက်လာပြီ (ပထမပိုင်း)

"မင်း ငါတို့ရဲ့ ဂိုဏ်းချုပ်ကို ခိုးဝင် တိုက်ခိုက်ဖို့ သတ္တိရှိတယ်ပေါ့!! အကြီးအကဲတို့ အခင်းအကျင်း စီရင်ပြီး ဒီသားရဲဆိုးကို သတ်ပစ်လိုက်ကြ!"

လုရွှမ်၏ ဝိညာဉ်သားရဲသည် မျက်စိတစ်မှိတ်အတွင်း ၎င်းတို့၏ ဂိုဏ်းချုပ်ကို သတ်ပစ်လိုက်​လေသည်။ လူတိုင်း၏ မျက်လုံးများ နီရဲလာကြပြီး ကျင်းလင်ဂိုဏ်းမှ အကြီးအကဲ ခုနစ်ယောက်၊ ရှစ်ယောက်က ချက်ချင်းပင် ကြီးမားသော အခင်းအကျင်း ပုံစံကို ဖန်တီးလိုက်ကြသည်။

ဤအကြီးအကဲများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ သို့ ရောက်ရှိရန် လုံလောက်စွာ အားကောင်းကြပြီး တချို့မှာ အားမနည်းသော အဆင့်၇ကို ရောက်နေကြပြီ။ ဤသန်မာသော သူများသည် ကြီးမားသော ဖွဲ့စည်းမှုဖြင့် ချုပ်နှောင်ထားပါက အဆင့်၈ ပြီးပြည့်စုံခြင်း အဆင့်ကလူပင် ယှဉ်ပြိုင်ရန် ခက်ခဲလိမ့်မည်။

"သူ့ကိုသတ်!!"

အခင်းအကျင်းကို ဖွဲ့စည်းပြီး ကျင်းလင်ဂိုဏ်းမှ အကြီးအကဲ များစွာတို့သည် ဟိန်းဟောက်ပြီး တောင်ဖောက်နဂါးဆီသို့ အလင်းတန်းများ ပစ်လွှတ်လိုက်သည်။

ဝူး!

တောင်ဖောက်နဂါးသည် ၎င်းတို့အား ဂရုပင်မစိုက်ဘဲ ရုတ်တရက် ဟိန်းလိုက်ရာ ရှေးဟောင်းမြို့ကြီး တစ်ခုလုံး တုန်ခါသွားကာ အဖြူရောင် အလင်းတန်းများက ၎င်းခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

ဇိဇိ!

တခဏချင်းမှာပဲ တောင်ဖောက်နဂါးကြီးရဲ့ ခန္ဓာကိုယ်ဟာ အကြိမ်ပေါင်းများစွာ ဖောင်းကားလာပြီး ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာ အရှည်ရှိတဲ့ ဧရာမ သားရဲကြီးအဖြစ် ပြောင်းလဲသွားကာ လူအုပ်ကြီးဆီသို့ လက်ဝါးတစ်ချက် လွှဲရိုက်လိုက်ပေသည်။

ဗုန်း!

ကောင်းကင်က ယိမ်းနွဲ့သွားစေပြီး မြေကြီး တုန်ခါသွားစေသည့် ကျင်းလင်ဂိုဏ်း၏ အကြီးအကဲများစွာ၏ အခင်းအကျင်းသည် ချက်ချင်းပင် ပြိုလဲ ပျက်စီးသွားခဲ့သည်။ အကြီးအကဲများ အားလုံး တစ်ပြိုင်နက်တည်း သွေးများထွက်လာကာ အသားမုန့် အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲကာ နံရံတွင် ပြေးကပ်နေတော့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now