Arc 3🗡189🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)

193 19 0
                                    

Chapter (189) Arc 3
ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)

မကြာခင်မှာပဲ ခန်းမထဲက အကြီးအကဲ ထက်ဝက်ကျော်ဟာ အကြီးအကဲလုံယွမ် ရဲ့ အကြံပြုချက်ကို ငြင်းပယ်ခဲ့ကြလေသည်။

"ခင်ဗျားပြောတာကို ကျုပ်သဘောမတူဘူး... သူ ကျောင်းထဲကိုရောက်တာ လေးလ မပြည့်သေးဘူး ဆူညံသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီ...  အတွင်းစည်းက ကျောင်းသားတွေတောင် သူက ဂရုမစိုက်ဘူး။ ခွန်အားနဲ့ အလားအလာ ရှိတယ်! ဒီလိုအရည်အချင်းတွေ ရှိတာ​တောင် ယင်းယန် ရေကန်ထဲကို ဝင်ဖို့အခွင့်အရေး မရရင် ကျုပ်တို့ကျောင်းမှာ အရည်အချင်း ရွေးချယ်ခြင်းလို့ ခေါ်တဲ့အဓိပ္ပာယ်က ဘာအရေးပါတော့မလဲ?"

အကြီးအကဲလုံယွမ် လူအုပ်ကြားထဲက ဆွေးနွေးမှုများကို ဝင်နှောင့်ယှက်လိုက်သည်။

"ဒါ့အပြင် သားရဲခန်းမနဲ့ ဆေးဥယျာဉ်က သူ့ကို ထောက်ပံ့​ပေးထားတယ်.... ဒီခွဲတမ်းကို မပေးဘူးဆိုရင် အဲဒီအင်အားကြီး နှစ်ခုကို စော်ကားမိရာ ကျသွားမှာ မဟုတ်ဘူးလား?"

"ဟေး... အကြီးအကဲလုံယွမ် ခင်ဗျားက ဘာကိုဆိုလိုတာလဲ? ကျုပ်တို့ ယင်းယန်ကျောင်းတော်က သူတို့ရဲ့ သားရဲခန်းမနဲ့ ဆေးဥယျာဉ်တွေကို ကြောက်ရမှာလား?"

အကြီးအကဲ တစ်ဦးကလည်း ထပြောလိုက်သည်။

"ကျုပ်ပြောတာ အဲ့သ​ဘော မဟုတ်ဘူးဆိုတာ ခင်ဗျားသိပါတယ်" အကြီးအကဲလုံယွမ်လည်း မျက်မှောင် ကြုတ်လိုက်သည်။

"ဟမ်.... ခင်ဗျား ဘာဆိုလိုတာလဲ မသိဘူး... သားရဲခန်းမနဲ့ ဆေးဥယျာဉ်က အစွမ်းထက်တယ် ဆိုရင်တောင် ကျုပ်တို့က သူတို့နဲ့ ဘာဆိုင်လို့လဲ? ကျုပ်တို့ ယင်းယန်ကျောင်းတော်က ယင်းယန်ရေကန်ထဲကို ဝင်ချင်တဲ့သူတွေကို ကျုပ်တို့ရဲ့ စည်းကမ်းအတိုင်းပဲ သတ်မှတ်တယ်.... သူတို့ စွက်ဖက်ခွင့် မရှိဘူး!"

အကြီးအကဲတစ်ယောက်က အေးစက်စွာ ဟစ်အော်လိုက်သည်။

"ဟုတ်တယ်.... လုရွှမ်သာ ယင်းယန်ရေကန်ထဲကို ဝင်ခဲ့မယ်ဆိုရင် စည်းကမ်းတွေ ဖောက်ဖျက်ရုံ တင်မကဘူး... ကျုပ်တို့ကျောင်းက သူတို့ရဲ့ သားရဲခန်းမနဲ့ ဆေးဥယျာဉ်ကိုတောင် ကြောက်​နေရတယ်လို့ အပြင်လူတွေက အထင်လွဲသွားကြလိမ့်မယ်"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now