Arc 3🗡222🗡ထပ်ခါထပ်ခါ သတ်ပြီ

183 23 0
                                    

Chapter (222) Arc 3
ထပ်ခါထပ်ခါ သတ်ပြီ

"ဒါက သခင်လေးရဲ့ ဝှက်ဖဲလား? ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို လက်ဝါးတစ်ဖက်တည်းနဲ့ ထိန်းချုပ်နေတာလား?"

အခင်းအကျင်း ဖွဲ့စည်းမှုမှ အလင်းတန်းများဖြင့် လုရွှမ် ကျန်းရှောက်ထျန်းကို အလွယ်တကူ ခေါင်းဖြတ်သတ်တာကို မြင်လိုက်ရသော် မော့ကောင်းရွှမ်း၏ သူအိမ်ငယ်များ ကျုံ့သွားခဲ့သည်။

သခင်လေးတစ်ယောက် ယုံကြည်မှု လွန်ကဲနေသည်မှာ အံ့ဩစရာ မရှိ​တော့ပေ။ ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ထိန်းချုပ်နိုင်တယ် ဆိုတာ ကျောင်းတော်ကြီး တစ်ခုလုံးရဲ့ ဘဝတံခါးကို ထိန်းချုပ်ထားသလိုပဲလေ။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလက ကျင့်ကြံသူ မပြောနဲ့ သူ့လိုလူတောင် ပြေးချင်တိုင်း ပြေးလို့မလွတ်မှာ ကြောက်ရသည်။

"ကံကောင်းလို့ ငါက တစ္ဆေအစောင့်ရဲ့ ကတိကို နာခံပြီး သစ္စာရှိခဲ့လို့ပေါ့.... မဟုတ်ရင် အရင်ကတည်းက အသတ်ခံလိုက်ရမှာတောင် ကြောက်မိတယ်"

ထိုအချက်ကို တွေး​ကြည့်ပြီး နောက်မှာတော့ သူ့ကျောပြင်ကနေ အေးစက်တဲ့ ချွေးတွေ ထွက်ကျလာတော့သည်။

တစ္ဆေအစောင့် အဖွဲ့မှာ ပါဝင်ခဲ့တဲ့ အချိန်တုန်းက သူဟာ သစ္စာရှိပါမည့်အကြောင်း ကျိန်ဆိုခဲ့သည်။ ဒါပေမဲ့ လုရွှမ်ရဲ့ ကျင့်ကြံမှုက နိမ့်လွန်းပြီး အသက်ကလည်း ငယ်ရွယ်နေတာကို မြင်တဲ့အခါ သူ့သခင်လေးအဖြစ် ဂါဝရပြုဖို့ အနည်းငယ် တွန့်ဆုတ်နေခဲ့သေးသည်။

အခုတော့ သူတော်တော်လေး ကံကောင်းသွားပြီ။ ဒီလူငယ်လေးကိုသာ စော်ကားမိရင် ကာကွယ်ရေး အခင်းအကျင်းထဲက လူတွေထဲမှာ သူလည်း ပါဝင်မိသွားနိုင်၏။

"တစ္ဆေအစောင့်တွေကို အမိန့်ပေးနိုင်တဲ့ သခင်လေး ဆိုတဲ့အတိုင်းပဲ... သူ့ရဲ့ နည်းလမ်းတွေနဲ့ အရည်အချင်းတွေက ငါထင်ထားတာထက်ကို ကျော်လွန်သွားပြီ.... မုယန်ဖုန်း ပြောသလို အနာဂတ်မှာ သူ့အ​ပေါ် သစ္စာရှိရမယ်"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now