Arc 4🗡73🗡ထူးဆန်းသောအဘွားကြီး

109 13 0
                                    

Chapter (73) Arc 4
ထူးဆန်းသော အဘွားကြီး

"ဟားဟား... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ပဲ ရှိသေးတာကို... မင်း ငါနဲ့ ပြိုင်ချင်ရင်တော့ မင်းအရည်အချင်းက အဝေးကြီးမှာ ရှိနေပါသေးတယ်"

မျက်နှာဖြူ လူငယ်က ဂုဏ်ယူစွာဖြင့် ဆိုလိုက်သည်။ သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရှိ သူတော်စင် အလားအလာ စာရင်းတွင် ထိပ်တန်း ၁၀၀ထဲက တစ်ယောက် ဖြစ်သည်။

ယနေ့တွင် သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ပြီးမြောက်ခဲ့ပြီး သူ​​တော်စင် နိယာမလမ်းစဥ်ကို နားလည် သဘောပေါက်သည့် လမ်းကို လျှောက်လှမ်းခဲ့ပြီ ဖြစ်၏။

သူတော်စင် တစ်ပိုင်း ဖြစ်လာရန် ဝေးကွာနေသေးသော်လည်း သူတော်စင်လမ်းစဥ်နှင့် နိယာမအပေါ် နားလည် သဘောပေါက်မှုသည် တတိယအဆင့်တွင် ရှိနေသည်။ ပြိုင်ဘက် သူ့အတွက် ကိုက်ညီမှုမရှိပေ။

လုရွှမ်ဆိုတာ ဘယ်နေရာက ကြည့်ကြည့် သူ့ရဲ့ကြံ့ခိုင်မှုက အားနည်းလွန်းလှသည်။

"ငါမင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော်... မင်းအရင် လှုပ်ရှားလိုက်...ငါမင်းကို သိုင်းကွက် သုံးချက်လောက် အလျှော့ပေးလိုက်မယ်... ပြီးရင်တော့ ပါရမီရှင်ဆိုတာ ဘာလဲဆိုတာ မင်းသိအောင် ပြောပြပေးမယ်... မင်းတို့ တော်ဝင်အင်ပါယာ မှာရှိတဲ့ ရေတွင်းထဲက ဖားကြားက ကွာဟချက်ကို ငါပြော​ပြမယ်..."

လုရွှမ် အေးစက်စွာ လှောင်ပြောင်လိုက်သည်။ ဒီလူရဲ့ စွမ်းအားက သခင်လေးဟန်ရွှီးနဲ့ သိပ်ကွာတာ မဟုတ်ပါဘူး။ ယန်ရှီးနဲ့ ယှဉ်ရင်တောင် သူက သူမကို လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး။ ဒီအစွမ်းအစကို သူ့ကို ခြိမ်းခြောက်နေတာလား။

ဘယ်လောက်တောင် ဘဝင်မြင့်နေလိုက်လဲ။ တကယ့်ပဲ လေကို ပြင်းပြင်းထန်ထန် ရှူရှိုက်​နေတဲ့ ခြကောင်တစ်ကောင်ပါလား။

လုရွှမ် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ကောင်းကင်တစ်ခွင်နဲ့ မြေကြီးအထိ ဖုံးလွှမ်းသွားအောင် ဖြန့်ကျက်လိုက်သည်။ မျက်နှာဖြူ လူငယ်သည် မကူညီနိုင်ဘဲ လန့်ဖျပ်သွားတော့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now