Arc 4🗡77🗡နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်

107 13 0
                                    

Chapter (77) Arc 4
နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်

ဝတ်ရုံနက် အဘိုးအို၏ ဦးခေါင်းအထက်တွင် လျှပ်စီးတစ်ချက် လင်းလတ်သွားပြီး အနက်ရောင် ဆံပင်များ ထောင်တက်သွားသည်။ တစ်ကိုယ်လုံး တုန်လှုပ်သွားသလို မျက်နှာလည်း မည်းတူးသွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

သူ မသေသေးချေ။

လုရွှမ်က သက်ပြင်းချမိသည်။ တစ်ဖက်က သူ​တော်စင်တစ်ပိုင်း ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် သာမန် အသွင်ပြောင်းခြင်း နယ်ပယ်ထက် ကျော်လွန်သွားသော လူတစ်ယောက် ဖြစ်သည်။

သူတော်စင်နှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ကြားက ကွာဟချက်ပဲ ဖြစ်၏။

“ဝတ်ရုံနက်?”

အခြား အဂ္ဂိရတ်ပညာရှင် အကြီးအကဲ နှစ်ဦးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

လူတစ်​​ယောက်​က လုရွှမ်ကို လိုက်​ဖမ်း​နေခြင်းမှ ရပ်တန့်၍ မြေပြင်ပေါ်က ဝတ်​ရုံနက်ဆီကို ပြေးသွားစဥ် ကျန်​တစ်​​ယောက်​က လုရွှမ်ကို မုန်းတီး​စွာ စိုက်ကြည့်နေ၏။

လုရွှမ်ကတော့ သူ့စိတ်ထဲကနေ အေးစက်စက်ပဲ လှောင်ရယ်လိုက်သည်။ မိုးကြိုး လျှပ်စီးကြောင်း တစ်ချက်စီသည် အခြားအရာများထက် ပိုပြင်းထန်သည်။ ပထမတစ်ချက်ကို ခံနိုင်ရည် ရှိရင်တောင် ဒုတိယတစ်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်​တော့ပေ။

ကျီးကန်းရဲ့ စကားအရ ဆိုရင် လျှပ်စီးကြောင်း တစ်ချက်မှာ မိုးကြိုး ကိုးချက် ပစ်ချနိုင်သည်။ လျှပ်စီးကြောင်း ၃ချက် ဆိုရင်တော့ မိုးကြိုး၂၇ချင်ပေါ့။ သူ့ရတနာကို သိမ်းယူချင်နေတယ် ဆိုမှတော့ စွန့်စားရပေတော့မည်။

ယခုအချိန်တွင် လုရွှမ်သည် လူများလာလေ ပိုကောင်းလေဟုပင် ဆန္ဒပြု​နေမိသည်။

မှောင်မိုက်နေသော တိမ်တိုက်များအောက်တွင် မိုးခြိမ်းသံနှင့် လျှပ်စီး အရောင်တို့သည် လူအများစုကို အလစ်သုတ်လာသည့် ရန်မှ ဖယ်ထုတ်ထားဆဲဖြစ်သည်။ မိုးကြိုးလျှပ်စီးကို သူတော်စင်တစ်ပိုင်းက ခုခံနိုင်ပေမယ့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူကတော့ လုံးဝ မခံနိုင်ပေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now