Arc 3🗡162🗡လုရွှမ်ပါးစပ်ဖွင့်ပြီ

238 24 0
                                    

Chapter (162) Arc 3
လုရွှမ်ပါးစပ်ဖွင့်ပြီ

"အဲဒါကို ​ဖြိုခွဲဖို့ နည်းလမ်းမရှိဘူး!"

ကျင်းကျွိချိုးက သူ့ခေါင်းကို ခါလိုက်ပြီး

"ဒါက ရှေးကျတဲ့ အခင်းအကျငိး ပုံစံမျိုးဖြစ်ပြီး အဲဒါနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ အားလုံး ပျောက်ကွယ်သွားပြီ...  ကျုပ်မပြောနဲ့ အခင်းအကျင်း ပညာရှင်အဖွဲ့က အကြီးအကဲတွေတောင်မှ အဲဒါကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး!"

"မှန်တယ်...  ကျုပ်တွေ့ဖူးတဲ့ ရှေးဟောင်း စာအုပ်တွေထဲမှာလည်း ဒီလိုပဲ မှတ်တမ်းတင်ထားတယ်!"

ချီကျန့်ယွင်ကလည်း ခေါင်းယမ်းလိုက်သည်။

တံဆိပ်ခတ် ကောင်းကင်သားရဲ လေးကောင် အကြောင်းကို အဆိုပြုသူ နှစ်ဦးမှာ အားကိုးရာမဲ့ ဖြစ်နေပြန်တာကြောင့် လူတိုင်း စိတ်ဓာတ်ကျလာပြန်သည်။

"ခေါင်းဆောင်ကျင်း ခင်ဗျားပြောကြည့် ကောင်းကင် သားရဲလေးကောင် အခင်းအကျင်း ဖွဲ့စည်းပုံရဲ့ ထူးခြားချက်တွေက ဘာတွေလဲ?"

ရှောင်းချင်ထျန်းက ထပ်မေးလိုက်သည်။

"တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင် အခင်းအကျင်းက အရပ်လေးမျက်နှာကို ကိုယ်စားပြုတယ်... အရှေ့က ချင်းလုံ၊ အနောက်က ပိုင်ဟူ၊ တောင်ဖက်က ကျုးချွဲ့၊ မြောက်ဘက်က ရွှမ်ဝူပဲ... ဆန့်ကျင်ဘက် မတူညီနိုင်တဲ့ တန်ခိုးအာနုဘော်တွေ ရှိတယ်!"

ကျင်းကျွိချိုးက ပြော​ပြလိုက်သည်။

"အိုး.. ကြည့်ရတာ ဒီအရာတွေကို နားလည်တဲ့ လူတစ်ယောက်တော့ ရှိသားပဲ!"

ခေါင်းဆောင်ကျင်းရဲ့ စကားကို ကြားတော့ လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ဒီလူတွေပြောတာ မှန်ပါ၏။ ရှန့်ခုန်းရှေးဟောင်း​မြို့ဟာ တံဆိပ်ခတ် ​​ကောင်းကင် သားရဲလေးကောင်နဲ့ ဝန်းရံထားပြီး သားရဲလေးကောင်ကတော့ ချင်းလုံ၊ ပိုင်ဟူ၊ ကျူးချွဲ့နှင့် ရွှမ်ဝူတို့ပဲ ဖြစ်သည်။

သားရဲလေး​ကောင်တို့သည် ကောင်းကင်ကို သော့ခတ်၍ ကောင်းကင်ကိုပင် ပိတ်ဆို့ထားနိုင်သောကြောင့် ဤအခင်းအကျင်း ဖွဲ့စည်းပုံ၏ ကြီးစိုးမှုကို ပြသထားနိုင်သည်။ သို့သော် သူတို့ရှေ့တွင် ရှေးမြို့ဟောင်းကို တံဆိပ်ခတ်ထားသည့် ဖွဲ့စည်းမှုသည် အရိုးရှင်းဆုံး ပုံစံမျှသာဖြစ်ပြီး ဖောက်ဖျက်၍ မရသော အခြေအနေသို့ မရောက်သေးချေ။ ကြီးကျယ်ခမ်းနားတဲ့ နည်းလမ်းများစွာ ရှိနေပါ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now