Arc 3🗡220🗡အရှက်မရှိကြသူများ

232 27 0
                                    

Chapter (220) Arc 3
အရှက်မရှိကြသူများ

ပြိုင်ပွဲစင်မြင့်၏ အဝေးတစ်နေရာ၌ ဟန်ရောင်၊ မုယန်ဖုန်းနှင့် အခြားသူများသည် စင်မြင့်ပေါ်က အဖြစ်အပျက်တွေကို ကြည့်ဖို့ ထောင့်တစ်နေရာတွင် ရပ်နေကြ၏။

"သွားပြီ... သခင်လေး မှန်းထားတဲ့ အတိုင်း သူတို့က တကယ်လှုပ်ရှားချင်နေတာပဲ!"

ချူဝမ့်ရှန်း နှင့် အခြားသူများ ရုတ်တရက် ပေါ်လာတာကို မြင်လိုက်ရသောအခါ မုယန်ဖုန်းရဲ့ မျက်နှာမှာ ရုပ်ဆိုးလာ​တော့သည်။

အစပိုင်းမှာတော့ သခင်​လေးက တစ်ဖက်လူတွေက ဒီအခွင့်အရေးကို လက်လွှတ်မခံဘူးလို့ ပြောခဲ့ပေမယ့် သူမယုံသေးဘူး။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ တစ်ဖက်လူက အဆင်သင့်ဖြစ်ရုံ မကဘဲ ကူညီပေးသူကိုလည်း ရှာတွေ့သွားပုံရလေ၏။

"ဘာလုပ်မလဲ? အဲဒီလူတွေက ခွန်အား မနည်းဘူး... သခင်လေး အန္တရာယ်ဖြစ်မှာကို ကြောက်ရတယ်"

ကြည့်ရှုပြီးနောက် မုယန်ဖုန်းမှ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

သူသည် လုံလုံလောက်လောက် မကျင့်ကြံထားနိုင်လို့ ရှောင်းယွမ်ထျန်းနဲ့ ကျောင်းအုပ်ကြီး ဟောင်ယန်တို့ရဲ့ ကျင့်ကြံမှု ခွန်အားကို မမြင်နိုင်သော်လည်း ချူဝမ့်ရှန်းနဲ့ ဘုရင်မင်းမြတ် ချန်ရှုံတို့ပါ ရှိနေမှတော့ ဘယ်လိုလုပ် ရိုးရှင်းပါတော့မလဲ။

"သူတို့ထဲက အတော်များများက သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၈ ပြီးပြည့်စုံခြင်း ကာလက လူတွေ... တချို့ဆို အင်ပါယာရဲ့ အင်အားကြီးစာရင်းမှာပါ အဆင့်သတ်မှတ် ခံထားရသူတွေပဲ"

တစ်ဖက်မှ မော့ကောင်းရွှမ်းကလည်း ပြောသည်။

မုယန်ဖုန်း မမြင်နိုင်သော်လည်း အဆင့်၉ နယ်ပယ်က လူတစ်ယောက် အနေနဲ့ တစ်ဖက်လူရဲ့ ခွန်အားနဲ့ နာမည်ကိုပင် ပြောနိုင်လေ၏။

"အင်အားကြီး ထိပ်သီးစာရင်းထဲက အားကောင်းတဲ့ လူတွေတဲ့လား?"

မုယန်ဖုန်းနှင့် ဟန်ရောင်တို့ တစ်ယောက်ကို တစ်ယောက် တစ်ချက်စီ ကြည့်လိုက်ပြီး သူတို့မျက်လုံးထဲမှာ ထိတ်လန့်မှုများ ပေါ်ထွက်လာတော့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now