Arc 4🗡95🗡ဆွဲဆောင်ခြင်း

126 13 0
                                    

Chapter (95) Arc 4
ဆွဲဆောင်ခြင်း

မုရုန်ထျန်းကျောင်း၏ မျက်လုံးများသည် ထိတ်လန့် ကြောက်ရွံ့မှုနှင့်အတူ ချက်ချင်း နီရဲသွားကာ သူမလက်ရှိ စွမ်းအင်များကို ဖယ်ထုတ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားသော်လည်း လုံးဝ မအောင်မြင်ချေ။

ထိုစွမ်းအင်လမ်းကြောင်း ပုံစံများသည် သူမ၏လက်ထဲတွင် အမြစ်တွယ်နေပုံရပြီး ဘယ်လိုအကြောင်းနဲ့မှ ၎င်းကို မဖယ်ရှားနိုင်တော့မည့် အတိုင်းပင်။

"သူတို့ကို ပြန်ဖယ်ပေး!!"

မုရုန်ထျန်းကျောင်းက သူမအသံကို ငိုသံလေးဖြင့် အော်လိုက်သည်။ သူမ ဘယ်လိုလုပ် မကြောက်ဘဲ နေပါမလဲ။ အဘိုးအိုက စံနမူနာပြ ဖြစ်ခဲ့ပြီး ကျင့်​ကြံမှုအခြေခံကို ပိတ်ကာ အသေသတ်ပစ်ခဲ့တာ မဟုတ်လား?။

လုရွှမ် သူ့မျက်လုံးတွေက လူအုပ်ဖက်ကို ကြည့်လိုက်သည်။ သေချာပါတာပေါ့။ သူ့အခင်းအကျင်း ဖွဲ့စည်းမှုအပေါ် ထိန်းချုပ်မှုကြောင့် ကြောက်လန့်နေတာကြောင့် လူတိုင်းက သူမကို လက်ဆွဲပြီး အကူအညီပေးဖို့ မဝံ့ရဲကြပါဘူး။

"မင်းရဲ့လက်ဖဝါးပေါ်က အသွင်အပြင်ကို ငါ့ကို ပြန်သိမ်း​စေချင်တာ သေချာလား?"

လုရွှမ် ပြုံးပြပြီး မေးလိုက်သည်။

"​သေချာတယ်!! နင် လက်နက်ကိုင် တိုက်ပွဲဝင်တာမျိုးလည်း လုပ်လို့ရတာကို ဒီလိုနည်းနဲ့ ကစားနေတာ... နင်ယောက်ျားရော ဟုတ်သေးရဲ့လား?"

မုရုန်ထျန်းကျောင်း ငိုပြီး သူမလက်က အရာကလည်း အလုပ် ပိုကြိုးစားလာတာကို တွေ့ရ​လေသည်။ သူမလက်ထဲက စွမ်းအင် သွေးကြောတွေ ပိုသန်မာလာပုံရ၏။

သူမ၏ ယွမ်ချီကို ဝါးမျိုသွားချင်ပုံရပြီး သွေးပြန်ကြောများ ဖြတ်သွားကာ လက်မောင်းများ တဖြည်းဖြည်း ထုံကျင်လာတဲ့အထိ တဟုန်ထိုး တက်လာနေသည်။

အဘိုးကြီးရှစ်ဖန်းရဲ့ ဖြစ်ရပ်က သင်ခန်းစာ ယူစရာတစ်ခု ဖြစ်သည်။ မုရုန်ထျန်းကျောင်းသည် သူမ၏ခွန်အားကို ပိတ်ပင်ခံထားရသော်လည်း အနည်းဆုံး သူမ အသက်ရှင်နေသေးလို့ ပြေးချိန်ရသေးသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now