Arc 4🗡86🗡ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်

127 14 0
                                    

Chapter (86) Arc 4
ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်

ဟန်ရွှယ်သည် ယခင်က ဤကဲ့သို့ စော်ကားခြင်းမျိုး တစ်ခါမှ မခံရဖူးတာကြောင့် ဒေါသတကြီးဖြင့် လက်ကို နောက်ပြန် ရိုက်ချလိုက်သည်။

လူငယ်က ဟန်ရွှယ် သူ့ကို ရိုက်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘဲ။ ဒီပါးရိုက်မှုမှာ ဘာတိုက်ခိုက်မှုမှ မပါဘဲ ရိုးရိုး ပါးရိုက်ရုံပါပဲ။  ပါးရိုက်သံက ပြတ်သားပြီး ကျယ်လောင်သွားကာ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံးများကို ချက်ချင်း စွဲဆောင်သွားခဲ့သည်။

လူငယ်လေး၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ဒေါသအလွန် ထွက်လာကာ လက်ကို မြှောက်ကာ ရိုက်ချလိုက်သည်။

ဒီရိုက်ချက်က ဟန်ရွှယ်ရဲ့ ပါးရိုက်ချက်ထက် အလွန် ကွာခြားလေသည်။ လက်ဖဝါးမှာ ပါရှိတဲ့ စွမ်းအားက ဟန်ရွှယ်ရဲ့ ပါးပြင်ကိုသာ ထိမိသွားရင် ဟန်ရွှယ်ရဲ့ ဦးခေါင်းပါ လွင့်ထွက်သွားနိုင်၏။

ဝူး!

လူငယ်လေး၏ လက်ဖဝါးကို လူတစ်ယောက်က လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားသော်လည်း လူငယ်လေးသည် မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ လုံးဝ မရုန်းကန်နိုင်ပေ။

"ကောင်လေး မင်းကဘယ်သူလဲ? ဟေ့ကောင် ငါဘယ်သူလဲဆိုတာ မင်းသိလား??"

လူငယ်က လှမ်းအော်ပြီး ထွက်လာတဲ့လူကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေ၏။ ထိုသူမှာ တခြားသူ မဟုတ်ဘဲ လုရွှမ်သာ ဖြစ်လေသည်။

"မင်းလူတွေကို ရိုက်ရတာ အရမ်းကြိုက်ရင် ငါပြန်ရိုက်ပေးမယ်"

လုရွှမ်က ပေါ့ပေါ့ပါးပါးသာ ဆို၍ သူ့ကို နောက်ပြန် ဝေ့ယမ်းလိုက်တဲ့အခါ လူငယ်လေးမှာ လွင့်ထွက်သွားတော့သည်။

ဟန်ရွှယ် လုရွှမ်အား ကျေးဇူးတင်စွာဖြင့် ကြည့်နေသည်။ သူ့ကြောင့်သာ မဟုတ်လျှင် သူမလုံးဝ ကံကောင်းနိုင်မည် မဟုတ်ပေ။

လူငယ်သည် လျင်မြန်စွာ ပြန်ပြေးသွားခဲ့သည်။ လုရွှမ် သူ့ကို လိုက်မသတ်ခဲ့ပေ။ ထို့ပြင် ထိုလူငယ်၏ စရိုက်သည် အလယ်အလတ်သာ ဖြစ်သော်လည်း သူ၏ ခွန်အားမှာလည်း သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ့ အဆင့် (၉) တွင် ရှိနေသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now