Arc 4🗡124🗡ဒြပ်စင်ငါးခုသမင်

78 9 0
                                    

Chapter (124) Arc 4
ဒြပ်စင်ငါးခုသမင်

အခင်းအကျင်း အစီအရင်က ကွဲတော့မယ့်ပုံ ပေါက်နေသော်လည်း ခွဲရခက်နေ၏။

"မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဘယ်လောက်လဲ??"

လုရွှမ် ကျယ်လောင်စွာ အော်မေးလိုက်သည်။

ဟုန်ချောင်မှာ လုရွှမ်ကို လက်နှစ်ဘက်ဖြင့် ချိတ်ဆွဲထားရရာ သူမ၏မျက်နှာသည် နီမြန်းနေပြီး လုရွှမ်အသံကို ကြားတော့ သူမက လျင်မြန်စွာ အော်လိုက်သည်။

"၂၀!!"

လုရွှမ် မျက်မှောင် ကြုတ်လိုက်၏။ ဒါက လုံလောက်ရုံမျှသာ ဖြစ်သည်။

လုရွှမ် လက်နှစ်ချောင်းကို မြှောက်လိုက်သည်။ သူ၏လက်ချောင်းများ​ကြားတွင် စိတ်ဝိညာဉ် စွမ်းအား အနည်းငယ် ထွက်ပေါ်လာပြီး ဟုန်ချောင်ရဲ့ စိတ်ဝိညာဥ်ထဲသို့ တိုက်ရိုက် ရိုက်ထည့်လိုက်သည်။

"ခဏနေ တိုက်ဖို့ပြောရင် တိုက်မယ် နားလည်လား"

ဟုန်ချောင်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူအစိတ်ထဲတွင် တစ်ခုခု ရှိနေတာကို ခံစားနေရ၏။ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုတဲ့ နည်းလမ်းများထဲက တစ်ခုဖြစ်ကြောင်း ရုတ်တရက် နားလည်သွားသည်။

တခဏချင်းမှာပဲ သူမ စိတ်ဝိညာဉ် စွမ်းအားကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားသလို ထိုစိတ်ဝိဥာဉ် စွမ်းရည်နဲ့လည်း ရင်းနှီးလာခဲ့သည်။

"တိုက်!" လုရွှမ် အော်လိုက်သည်။

ဟုန်ချောင် သူမလက်ဖဝါးကို ကောင်းကင်ဆီသို့ အလိုလို ဝှေ့ယမ်းလိုက်သည်။ လုရွှမ်ကလည်း သူ့လက်များကို တစ်ဖန် မြှောက်လိုက်ကာ ကြီးမားသော နဂါးဆင်ရွှေလက်ဝါးကို ထွက်ပေါ်လာစေသည်။

ဟုန်ချောင်၏ လက်မှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အစီအရင် အလင်းအကာထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ လုရွှမ်၏ လက်ဖဝါးနှစ်ချက်သည်လည်း ထွက်လာ၏။

ဝုန်း!

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အလင်းအကာသည် စက္ကူခြစ်ရာများကဲ့သို့ ပြန့်ကျဲလာသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now