Arc 3🗡201🗡စိတ်စွမ်းအား ၁၅

196 21 0
                                    

Chapter (201) Arc 3
စိတ်စွမ်းအား ၁၅

(ဘာသာပြန် - အရင်သွားပြန်နေကျ ဝက်ဆိုဒ်က ၁.၂၊ ၁.၃ လို့ရေးပါတယ်။ အဲ့websiteက စာတွေမပေါ်တော့လို့ တခြားနေရာက သွားယူပြီး ပြန်လိုက်ပါတယ်။ အဲဒီမှာ ၁၂၊ ၁၅လို့ပဲ ရေးထားလို့ အဲ့အတိုင်းပဲ ဆက်ပြန်လိုက်ပါမယ်နော်)

"ဘာပြောတယ်?"

အကြီးအကဲ လုံယွမ်မှာ မိုးကြိုးပစ် ခံလိုက်ရသလိုမျိုး မယုံနိုင်အောင် ထိတ်လန့်သွားတော့သည်။

"ဒီလူတွေကို သတ်လိုက်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူ့မှာ ယွမ်ချီနယ်ပယ် ပြီးပြည့်စုံတဲ့ကာလလည်း မဟုတ်ဘူး... အဆင့်၄ ကျိုချင်းနယ်ပယ် ဆိုရင်တောင် သူ့လုပ်နိုင်တဲ့ အနေအထားက ကန့်သတ်ချက်တွေ ရှိနေသေးတယ်... ဒီလူတွေ အကုန်လုံးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ? ဧကန္တ...."

တစ်ခုခုကို စဉ်းစားရင်း အကြီးအကဲ လုံယွမ်သည် တောင်ဖောက်နဂါးကို ကမန်းကတန်း ကြည့်လိုက်သည်။

လုရွှမ်ရဲ့ အစွမ်းအစက ဒီလူတွေကို သတ်ဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဒီဝိညာဥ်သားရဲပဲ။

"ဒါက ဒီဝိညာဥ်သားရဲ မဟုတ်ဘူး... သူ ဘာမှကို မလုပ်ခဲ့ဘူး!"

ဖန့်ဝူဆွေ့ကလည်း ​ပြန်ပြောလိုက်သည်။

"သူက ဘာမှမလုပ်ခဲ့ဘူးလား? အဲဒါဆိုရင် လုရွှမ်က ဒီလူတွေကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ?"

အကြီးအကဲ လုံယွမ်ခမျာ မယုံနိုင်သေးချေ။

"သူသတ်လိုက်တာကို စိတ်မပူပါနဲ့.... တိုတိုပြောရရင် ဒီလူငယ်ကို စော်ကားတာထက် ငါ့ကိုယ်ငါပဲ သတ်သေလိုက်ချင်တယ်.... သူ့မှာ ငါတို့ မယှဉ်နိုင်တဲ့ အားသာချက်တွေ အများကြီး ရှိတယ်ကွ!"

ဒါကိုပြောပြီး ဖန့်ဝူဆွေ့ အနည်းငယ် တုန်ယင်သွားခဲ့သည်။

"ကောင်းပြီ!"

သူ့သူငယ်ချင်းဟောင်းက သူ့ကိုဒုက္ခမပေးကြောင်း နားလည်ထားဖြင့် အကြီးအကဲ လုံယွမ်သည် နောက်ထပ် မေးခွန်းများကို မမေး​​နေတော့ဘဲ သူ့ရင်ဘတ်မှ ကုသဆေးကို ထုတ်ယူ၍ ဒဏ်ရာများကို ကုသရင်း ပိုသက်တောင့်သက်သာ ဖြစ်စေရန် အနားယူနေလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now