Arc 3🗡170🗡လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)

244 27 0
                                    

Chapter (170) Arc 3
လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)

"ဘယ်လို အသက်ရှင်ရမှန်း မသိတဲ့ကောင်ပဲ! အခုကျုပ်တို့အတွက် အရေးကြီးဆုံး အရာက အဲဒီလုရွှမ်ကို ရှာတွေ့ဖို့ပဲ.... ပြီးရင် သူ့ကို သတ်ပစ်ရမယ်!"

လုရွှမ် အကြောင်းကို တွေးတောရင်း မင်းသား ချန်ရှင်းသည် ဒေါသများ ပြည့်လာကာ အပြေးအလွှား သွား၍ အမှုန့်ဖြစ်အောင် ဖြိုခွဲပစ်ချင်လာ​တော့သည်။

"မှန်တယ်.... အဲဒီကောင်လေးဆီမှာ ရှောင်းချင်ထျန်း လိုချင်တဲ့ တစ်ခုခုရှိနေလို့ သူက ထူးထူးခြားခြား ပစ်မှတ်ဖြစ်နေတာ ဖြစ်ရမယ်...  သူ့ကို သတ်လိုက်ပြီး အဲဒီရတနာကို အောင်မြင်စွာ ဖောက်ဖျက်နိုင်သရွေ့ ရာဇပလ္လင်က မင်းအတွက်ဆိုတာ အာမခံနိုင်ပြီ!"

မင်းသားချန်ရှင်းရဲ့ ဆရာကလည်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အဲဒီအချိန်ကျရင် အကြံဉာဏ်တစ်ခု ပေးဖို့ ဆရာကြီးကိုပဲ အားကိုးပါရစေ!"

မင်းသားချန်ရှင်း၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်ပလာကာ လျင်မြန်စွာ ဦးညွှတ်လိုက်သည်။

သူ၏ ဆရာသခင်သည် အသွင်ကူးပြောင်းမှု အဆင့်ရှစ်ဆင့်သို့ ဖြတ်ကျော်ကာ တော်ဝင်အင်ပါယာ တစ်ခုလုံးတွင် ထိပ်တန်းဖြစ်လာပါက မင်းသားတိုင်း ထီးနန်းတက်နိုင်သည်ဟု မဆိုနိုင်​တော့ပေ။

"မြန်မြန်... လုရွှမ် မြို့ရဲ့မြောက်ဘက်မှာ ပေါ်လာတယ်တဲ့"

"မြို့ရဲ့မြောက်ဘက်?"

"ဟုတ်တယ်... ရွှမ်ဝူ မြို့တံခါးမှာ ရွှမ်ဝူကျောက်စာ ရှိတယ်ဆိုတာ မင်းမကြားမိဘူးလား? အဲ့ဖက်မှာ စွမ်းအင်လှိုင်းတစ်ခု ပေါ်လာလို့ လူတွေအများကြီး ပြေးသွားကြတယ် လုရွှမ်က သူတို့အထဲမှာ ပါလောက်တယ်... မြန်မြန် သွားကြရမယ် မဟုတ်ရင် အကုန်လုံးကို သူခိုးသွားမှာ စိုးရိမ်ရတယ်!"

"ခိုးသွားမယ်?? တကယ်လား? သူက အဓိပတိနယ်ပယ်လေးလေ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိတဲ့ လူဆီက ရတနာတွေကို လုယူသွားနိုင်မှာတဲ့လား?

"သတင်း အတိအကျတော့ မသိဘူး... ငါလည်း တခြားသူတွေဆီက ကြားလာတာ"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now