Arc 4🗡53🗡ဖရိုဖရဲဖြစ်လာပြီ

131 14 0
                                    

Chapter (53) Arc 4
ဖရိုဖရဲဖြစ်လာပြီ

ဒီနေရာသည် ကျင့်ကြံရန် အထောက်အကူ ဖြစ်ကြောင်း လူတော်တော်များများ သိကြသည်။ လုရွှမ် ရောက်သောအခါ အနီးအနားတွင် အတွင်းထပ်သုံးထပ်နှင့် အပြင်အထပ် သုံးထပ်ရှိကြောင်း တွေ့လိုက်ရသည်။

တချို့လူတွေက ဆေးဥယျာဥ်က တပည့်တွေလို မဟုတ်တဲ့ ဝတ်စုံတွေနဲ့ လူတွေလည်း ရှိသေးသည်။ တစ်ချက်ကြည့်လိုက်တာနဲ့ ဆေးဥယျာဉ်ရဲ့ တပည့်မဟုတ်ကြောင်း သိနိုင်၏။ သူတို့မှာ ဆေးဝါး အနံ့အသက်တွေ မရှိဘဲ လူသတ်ချင်နေတဲ့ အငွေ့အသက်တွေကသာ ဖုံးလွှမ်းလို့နေသည်။

လုရွှမ်လည်း စွင်းလင်က ဒီလို​နေရာကို ဖွင့်ထားပေးမယ်လို့ မမျှော်လင့်ထားပါဘူး။ လူတစ်ယောက် စုပ်ယူမှုနဲ့ လူတစ်စုကို စုပ်ယူမှုရဲ့ အကျိုးသက်ရောက်မှုက သိသိသာသာ ကွဲပြားတယ်လေ။

သူ့စိတ်ထဲတွင် စွင်းလင်ကို တိတ်တဆိတ် ငုံ့ကြည့်မိပြန်သည်။ သူသာဆိုရင် သူ့ကိုယ်သူ အထိခိုက်ခံပြီး တခြားသူများကို အကျိုးပြုစေမယ့် အရာမျိုး လုပ်နိုင်မည် မဟုတ်ကြောင်း ထင်ရှားပါ၏။

"ကောင်လေး မင်းဒီမှာ ဘာလုပ်နေတာလဲ? ဒီနေရာအကြောင်း မင်းနားလည်ချင်ရင် ကောင်းကောင်း နားလည်ထားမှရမယ်.. ငါ့နေရာကိုလာပြီး ပြဿနာ မရှာနဲ့!"

ကြမ်းတမ်းသော လူတစ်ယောက်ရဲ့ ဒေါသအပြည့်နဲ့ အော်ငေါက်သံကို ကြားလိုက်ရသည်။

လုရွှမ် ဦးလှည့်ကြည့်လိုက်တော့ တစ်ဖက်လူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကို ရောက်နေပြီ။ သူကိုယ်တိုင်ကလည်း အဆင့် ၇ ဆိုပေမယ့် အဆင့်၉ ကျင့်ကြံသူကို ကျော်လွန်သွားပြီမို့ သူတို့နှစ်ယောက်က တူညီတဲ့ အဆင့်မှာ မရှိကြချေ။

လုရွှမ် အနည်းငယ် ပြုံးကာ နောက်ပြန်ဆုတ်သွားသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ လူတော်တော်များများက သူ့ကို လှောင်ပြောင် ရယ်မောကြလေသည်။ ကိုယ်ခံပညာကို လေ့ကျင့်တာက ဆန့်ကျင်ဖို့၊ တိုက်ပွဲဝင်ဖို့ပဲ။ အခက်အခဲတွေ ကြုံလာတဲ့အခါ စိတ်ရှည်သည်းခံဖို့ မဟုတ်ဘူးလေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now