Arc 4🗡55🗡မ​ရှိတော့ဘူး

182 18 0
                                    

Chapter (55) Arc 4
မ​ရှိတော့ဘူး

"ဟမ့်... အတင့်ရဲလိုက်တာ...  သေးငယ်တဲ့ ငါးလေးတစ်ကောင်က ထုံးထျန်းဧကရာဇ်အင်ပါယာက ထုံးထျန်းကျောင်းတော်ရဲ့ ကျောင်းသားတွေရှေ့မှာ ဂုဏ်ယူဝံ့ကြွား နေတယ်ပေါ့လေ... ဓားချက်ကို ကြည့်လိုက်စမ်း!"

ကျောက်ဟန်လို ခေါ်တဲ့ လူတစ်ယောက်က သူ့လက်တွေကို ခါယမ်းလိုက်တော့သည်။ ထိုအခိုက်တွင် သူ့နောက်ကျောမှာ လွယ်ထားတဲ့ ဓားရှည်က ဖြည်းညှင်းစွာ လွင့်ထွက်လာပြီး လုရွှမ်ဆီ ပြေးဝင်သွားခဲ့သည်။

ဓားပျံ?

မဟုတ်ဘူး။ ဒါက ပတ်ဝန်းကျင်ရဲ့ စွမ်းအားကို ချေးငှားယူလိုက်တာပဲ။ လုရွှမ်၏ မျက်လုံးများတွင် အနည်းငယ် စိတ်ဝင်စားသွားသော အရိပ်အယောင်များ ပေါ်လာသည်။

ထုံးထျန်းကျောင်းတော်ကို မပြောနဲ့ ထုံးထျန်းဧကရာဇ် အင်ပါယာကိုတောင် သူတစ်ခါမှ မကြားဖူးဘူး။ ကြည့်ရတာ အဲဒီဧကရာဇ် အင်ပါယာကို အနှစ်သုံးရာအတွင်း တည်ထောင်ခဲ့ပုံပဲ။

နောက်ခံသိပ် မရှိပေမယ့် ဒီကျောင်းသားတွေရဲ့ အရည်အချင်းတွေက ထူးထူးခြားခြား ဖြစ်နေပါပြီ။ ဒီလူတွေသာ ကြီးပြင်းလာမယ်ဆိုရင် သူတို့ဟာ အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ ကျော်ကြားမှုကို ရနိုင်မှာ မဟုတ်ပါလား။

ထိုအခိုက် ဓားပျံကလည်း အလွန်လျင်မြန်စွာ လာနေလေပြီ။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့မျက်ခုံးမွှေး စပ်ကြားဆီသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။

လုရွှမ် စိတ်ဝိညာဉ်စွမ်းအားကို သူ့ရှေ့မှာ ချထားပြီးပြီ။ သူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို ဆွဲထုတ်၍ တုန်လှုပ်မှုကို အခွင့်ကောင်းယူကာ အင်အားစုနှစ်ခု ရောယှက်နေစဥ် သူ့လက်ချောင်းများကို မြှောက်လျက် ပျံသန်းလာနေသော ဓားကို ဖမ်းဆုပ်ထားလိုက်သည်။

ဒီလှုပ်ရှားမှုက ဘယ်လောက် အံ့ဩစရာ ကောင်းလိုက်သလဲ ဆိုရင် ဓားပျံပိုင်ရှင် ကျောက်ဟန်ပင် မျက်လုံးပြူး မျက်စံပြူးဖြင့် မယုံနိုင်အောင် ဖြစ်သွားရှာသည်။ သူ့ရဲ့ဓားပျံကို ပြန်ခေါ်ပေမယ့် လုပ်လည်း မလုပ်ရဲသေးချေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now