Arc 4🗡84🗡လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ

109 12 0
                                    

Chapter (84) Arc 4
လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ

နတ်ဘုရားအသွင်ပြောင်း ဆေးလုံးသည် လုံးဝ ကျော်ကြားလာခဲ့ပြီး မကြာမီတွင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူ တချို့သည်ပင် ဤနေရာသည် ရိုးရှင်းစွာ လေ့ကျင့်ရန် သန့်ရှင်းသောနေရာ ဖြစ်ကြောင်း တွေ့ရှိလာခဲ့သည်။

ရေကန် ဘေးတွင် ငြိမ်သက်စွာ ထိုင်ခြင်းသည် ကောင်းကင်နှင့်ကမ္ဘာ၏ တောက်ကျင့်စဥ် နိယာမသဘောတရားကို နားလည်ရန် အထောက်အကူ ဖြစ်စေသည်။

ဤနေရာ၌ သူ၏အသွင်ပြောင်းခြင်း နယ်ပယ်ကို ပြီးဆုံးသွားသော ကျင့်ကြံသူ တစ်ဦးမှ တောက်ကျင့်စဥ် နိယာမကို သိရှိနားလည်သွားပြီး သူတော်စင် တစ်ပိုင်းလမ်းကို စတင်လိုက်သည့် အချိန်အထိ ဝိညာဥ်​ရေကန်​မှာ လုံးဝ မီးလောင်သွားခဲ့သည်။

တဖြည်းဖြည်းနဲ့ပဲ သူတော်စဥ်လမ်းစဥ်က နိယာမသဘော တရားတချို့ကို ရှာတွေ့ခဲ့ရင်တောင် ဒီနေရာလေးမှာ အချိန်အကြာကြီး ထိုင်နေမယ်ဆိုရင် ​တောက်ဓမ္မကို ပိုပြီး နက်ရှိုင်းစွာ နားလည်လာမှာ ဖြစ်လေသည်။

သူ​တော်စင် တစ်ပိုင်းကြီးများ၏ ဖိအားအောက်တွင် မြို့ထောင်ချီ မဟာမိတ်တပ်ပေါင်း များစွာသည် မြင့်မြတ်သော ဝိညာဥ်ရေကန်ကို မသိမ်းပိုက်နိုင်တော့ချေ။ ဧကရာဇ် အင်ပါယာကြီးများမှ အရူးအမူး ရောက်ရှိလာသော သူတော်စင်တစ်ပိုင်း များသည် ဝိညာဥ်​ရေကန်ကို ကာကွယ်ရန် မဟာမိတ် ဖွဲ့ခဲ့ကြသည်။

မြို့ထောင်ချီ မဟာမိတ်ဖွဲ့ပြီး ဝိညာဥ်ရေကန် တိုက်ပွဲတွင် အင်အားများစွာ ဆုံးရှုံးသွားကြသည်။ ဒီအခြေအနေကို ကြည့်ကာ နတ်ဘုရားအသွင်ပြောင်းဆေး အပေါ် တပ်မက်မှုကို စွန့်လွှတ်လိုက်ရသည်။

ပျောက်ကွယ်သွားသော နတ်ဆေးလုံးသည် မည်သည့်အချိန်ကမှ ပျောက်ကွယ်သွားသည် မသိသော်လည်း မိုးကြိုးဘေးဆိုး အောက်တွင် မြေပြင်မှ စိမ့်ထွက်လာသော စိမ့်စမ်းရေများနှင့် လုံးလုံး ပေါင်းစပ်သွားကာ နတ်​ဆေးလုံးရေကန် ပေါ်လာကြောင်း သတင်းများ ပျံ့နေတော့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now