Arc 4🗡100🗡ကျောင်းတော်ကြီးလေးခု

155 14 0
                                    

Chapter (100) Arc 4
ကျောင်းတော်ကြီးလေးခု

အမျိုးသမီးလေး နှစ်ယောက်မှာ အံ့အားသင့်သွားကြသည်။ အဘွားကြီး၏ ခွန်အားသည် မစတင်ရသေးဘူး ဆိုရင် လုရွှမ်ဟာ အနာဂတ်မှာ ဘယ်လို ထူးခြားသော အောင်မြင်မှုများကို သိမ်းပိုက်တော့မည်နည်း။

"ဆရာ... ဧကရာဇ် အင်ပါယာကြီးတွေထဲက သူတော်စင်တစ်ပိုင်းတွေ အများကြီး ရောက်လာကြတယ်လို့ ကြားမိတယ်... ကောင်းကင်၊ မြေကြီးနှင့် နိယာမစွမ်းအင်တွေ မကြာခင် အရှိန်ပြင်း​ပြင်း ထွက်လာတော့မယ်လို့ သတင်းကြားမိပါတယ်"

ယန်ရှီးက တိတ်တဆိတ် သက်ပြင်းချကာ ကျိုးကျိုးကိုလည်း ကြည့်ရင်း ဆိုလိုက်သည်။ ရုတ်တရက် သူမနှလုံးသားထဲမှာ စိတ်ဆိုး ဒေါသထွက်လာချင်သလို ခံစားရတာကြောင့် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

"မှန်တယ် ဆရာ.... ဒီတစ်ခါရောက်လာတဲ့ သူတော်စင်တစ်ပိုင်းက တန်ခိုးကြီးတယ်လို့ စီနီယာအစ်ကိုတွေက ပြောတယ်... အစ်ကိုလုရွှမ် အတွက် မကောင်းတာများ ဖြစ်နေမလား?"

ကျိုးကျိုးက ခပ်မြန်မြန်လေး မေးလာ၏။

အဘွားကြီးက ရယ်မောကာ ကျိုးကျိုးရဲ့ ခေါင်းကို ညင်ညင်သာသာလေး ပွတ်သပ်​ပေးရင်း

“အခွင့်အလမ်း အခွင့်အလမ်း... အဲဒါက ဘယ်သူရမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်.... မင်းအဲဒါကို တိုက်ခိုက်ချင်ရင်တော့ ကမ္ဘာ့အပြင်မှာ နေရတာထက်တောင် ခက်လိမ့်မယ်”

ထိုအခါ ကျိုးကျိုးက အော်ဟစ်လိုက်ပြီး

"ဆရာ အစ်ကိုလုရွှမ် တပည့်တို့ ထျန်းလုံကျောင်းတော်ကို ဝင်မယ်ဆိုရင် တပည့်တို့ သူ့ကို ကာကွယ်နိုင်မှာလား?"

"ကျိုးကျိုး.... နင် ဘာတွေ လျှောက်ပြောနေတာလဲ? လုရွှမ်က အရမ်းမာနကြီးတာ... သူ ငါတို့ကျောင်းတော်ကို ဘယ်လိုလုပ်ဝင်ဖို့ ဆန္ဒရှိမှာလဲ?"

ယန်ရှီး​က သူ့ကိုယ်ပိုင် ကျောင်းတော်ကို အနှောင့်အယှက် ဝင်လာသလိုမျိုး ခံစားမိသွားရာ ရုတ်တရက် ဝင်ပြောလိုက်ပေမယ့် သူမလေသံက မှားနေတယ်လို့ ပြန်ခံစားမိတာကြောင့် မြန်မြန်ပဲ သူမစကားများကို ပြောင်းလဲ ပြောဆိုလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now