Chapter (121) Arc 4
သားရဲကင်ရနံ့"ဟေ့ ငါနင့်ကိုပြောနေတာ မကြားဘူးလား? ဘာလို့မဖြေတာလဲ?"
"တွန့်တိုတဲ့လူကြီး... ဝိညာဥ်ကျောက်တုံး ၂၀၀၀၀ ပေးထားတဲ့ မျက်နှာနဲ့ လာလုပ်နေတယ်... ငါနင့်အသက်ကိုတောင် ကယ်ခဲ့တာ မဟုတ်ဘူးလား? နင်ဘယ်လို မျက်နှာမျိုး လုပ်ပြနေတာလဲ"
လုရွှမ် သူ့အတွေးနယ်ထဲမှ သတိ ပြန်လည်လာစဥ် ဟုန်ချောင်ရဲ့ စိတ်တိုတိုနဲ့ ကြည့်နေတဲ့ မျက်လုံးတွေကို မြင်ရတော် ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်မိသည်။
"ဒီမိန်းကလေး ဒေါသတော်တော် ကြီးတာပဲ"
......."ငါ တစ်ခုခုကို တွေးနေတာကြောင့် မင်းနဲ့ စကားမပြောဖြစ်တာ"
လုရွှမ် မတတ်နိုင်ပေ။ သူတစ်ခုခု ပြန်မပြောရင် ဒီကောင်မလေးက အဆုံးမသတ်ဘဲ အော်ဟစ်နေလိမ့်မယ်။ ဟုန်ချောင် ရှက်ရွံ့ကာ မယုံနိုင်စွာ အော်ပြောလာပြန်၏။
"နင်အဲဒါကို စဉ်းစားနေလည်း စကားပြောလို့ ရတယ်!"
"ပြဿနာကို ပါးစပ်နဲ့ အဖြေရှာတာ မဟုတ်ဘူး... ဦးနှောက်နဲ့ အဖြေရှာနေတာ"
"တွန့်တိုတဲ့လူကြီး!"
"ဒီကမ္ဘာငယ်က ထူးထူးခြားခြား ဖြစ်နေတော့ ယေဘူယျ စည်းမျဉ်းတွေက ဒီမှာ အသုံးမဝင်ဘူး.... ငါတို့က လူတိုင်းနဲ့ ကွဲကွာနေပုံရသလိုနဲ့ ဒါပေမဲ့ တကယ်တော့ ငါတို့က ဒီသစ်တောရဲ့ အလယ်ဗဟိုကို အဆက်မပြတ် စုဝေးလာနေကြတာ.... အဲဒါကြောင့် ငါတို့နဲ့ တခြားသူတွေကို တွေ့နေတာ"
ထိုစကားကို ကြားတော့ ဟုန်ချောင် ရှက်ရွံ့စွာဖြင့် ပါးစပ်ကို ပိတ်လိုက်ကာ ဒါက အဓိပ္ပာယ်ရှိကြောင်း သူမလည်း နားလည်လိုက်သည်။
"အခု မင်းရဲ့စိတ်တွေကို စုစည်းထား...သေချာ စဉ်းစားပြီး သတိနဲ့နေတာ အကောင်းဆုံးပဲ... ငါတို့တွေ မကြာခဏဆိုသလို အချင်းချင်း တိုက်ခိုက် ရန်ဖြစ်နေကြပြီ ဆိုတော့ ငါတို့ ဗဟိုချက်ကို ရောက်လုနီးနေပြီလို့ ဆိုလိုတာပဲ ဒီလောက်ဆို ငါမင်းကို သတိပေးစရာ မလိုဘူးမဟုတ်လား?"
ဟုန်ချောင်လည်း
"ဒါက ဘယ်လို အန္တရာယ်ထဲ ရောက်နေပြီလဲ ဆိုတာ မသိဘူး...."
YOU ARE READING
ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)
FantasyArc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ