Arc 4🗡104🗡လက်ဝါးတစ်ချက်၏စွမ်းအား

89 14 0
                                    

Chapter (104) Arc 4
လက်ဝါးတစ်ချက်၏စွမ်းအား

ဒါကလည်း ကျီးကန်းတို့ အရမ်း စိတ်လှုပ်ရှား​နေရတဲ့ အကြောင်းရင်းပဲ ဖြစ်သည်။ ပေါ့ပေါ့ပါးပါး လမ်းလျှောက် ထွက်လာတာကို ဒီလောက်ကြီးကျယ်တဲ့ အခွင့်အရေးကို ကြုံရမယ်လို့ တကယ် မထင်ထားမိဘူးလေ။

လုရွှမ်သည် သူ့အမူအရာတွင် တယူသန်မှုကို မပြဝံ့ဘဲ သူ့မျက်နှာကို လျစ်လျူရှုထားသည့် အမူအရာဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားသည်။ ဤအဘိုးကြီးသည် သူတော်စင် ဝိညာဉ်မြက်ပင်ကို ပြင်းပြင်းထန်ထန် ပြုစုပျိုးထောင် ထားနိုင်သောကြောင့် ဝိညာဥ်အပင်အပေါ် နားလည်မှုသည် တခြားလူထက် သာလွန်နေပါသည်။

သူ့ရဲ့ မူမမှန်မှု အနည်းငယ်ကို ခံစားမိသွားတာနဲ့ အခုလုပ်ငန်းက အလကား ဖြစ်သွားနိုင်သည်။

လုရွှမ် တစ်ဖက်လူ အခွင့်ကောင်းယူ၍ မလှုပ်ရှားလိုပေ။ တစ်ဖက်လူမှာ သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ် ဖြစ်ကာ ထိုနယ်ပယ်ကို ရင်ဆိုင်ဖို့ လုရွှမ်တွင် ပိုင်နိုင်မှု မရှိချေ။

သူတော်စင်တစ်ပိုင်းရဲ့ အဆင့်၉ဆင့်မှာ ကောင်းကင်တစ်ထပ်စီ ရှိကာ အဆင့်၂ ရွှေခန္ဓာနယ်ပယ်မှ ကျင့်ကြံသူများအတွက် လုရွှမ် ယခုပင် ရင်ဆိုင်နိုင်သော်လည်း လျှပ်စီးနယ်ပယ်က ကျင့်ကြံသူရဲ့ အရှိန်အဝါကိုတော့ မဖြစ်နိုင်ပေ။

အဘိုးအိုသည် လုရွှမ်ကို ငုံ့ကြည့်ပြီးနောက် သူ့လက်ထဲတွင် ရှိသော နဂါးဝိညာဉ်မြက်ကို စိုက်ကြည့်ရင်း လုရွှမ်စကားကို တွေးတောသော်လည်း သူ့စိတ်ထဲ မဆုံးဖြတ်နိုင်​သေးဘဲ ဖြစ်နေသည်။ လုရွှမ်က အလျင်မလိုဘဲ ဘေးနားတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

ထိုအခိုက်။

"ထွက်သွား...အကုန်ဖယ်ကြ!"

ခဏလောက်ကြာတော့ ပတ်ဝန်းကျင်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ဖယ်ရှားခံလိုက်ရကာ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတချို့ ပြေးဝင်လာကြသည်။

"လုရွှမ်! ကောင်လေး တကယ် မင်းဖြစ်နေတာကိုး... မင်းရဲ့အခင်းအကျင်းထဲမှာ ဘာလို့ ပုန်းမနေ​တော့တာလဲ? အခုတော့ ထွက်လာပြီပေါ့ ဟားဟား... ကောင်းပြီလေ ဒါဆိုငါကမင်းကို ငရဲရောက်သွားအောင် ပို့ပေးရတော့မှာပေါ့"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now