Arc 3🗡223🗡ပျံသန်းသွားခြင်း

186 24 0
                                    

Chapter (223) Arc 3
ပျံသန်းသွားခြင်း

"မင်း မင်း"

ဘုရင်ကြီး ချန်ရှုံကို မဆိုင်းမတွ သတ်ဖြတ်သွားတဲ့ လူငယ်ရဲ့ လုပ်ရပ်​ကို မြင်လိုက်ရရင်း နောက်ဆက်တွဲ စကားတွေ ထပ်ပြောနေတာကိုပါ ကြားလိုက်ရသော် ရှောင်းယွမ်ထျန်းနှင့် ကျောင်းအုပ်ကြီး ဟောင်ယန်တို့မှာ အေးစက်စက် ချွေးတွေပင် ထွက်ကျလာတော့သည်။

တစ်ဖက်လူရဲ့ လေသံအရ ဆိုရင် တိုင်းပြည်ကို ဖျက်ဆီးခြင်းသည် ထမင်းစား ရေသောက်ခြင်းကဲ့သို့ ရိုးရှင်းနေသလိုပင်။

"မင်းတို့မှာ နောက်ဆုံးပြောစရာ စကားရှိလား"

သူတို့နှစ်ယောက်ဆီသို့ ခြေလှမ်း လှမ်းရင်း လုရွှမ် လှမ်းကြည့်လိုက်သည်။

"တိုက်ပွဲဆိုတာ အမြဲတမ်း အောင်နိုင်သူနဲ့ အရှုံးသမားပဲ ရှိတယ်... ငါမင်းကို မသတ်ခဲ့မိလို့ အခု ရွေးချယ်စရာ သေခြင်းတရားပဲ ရှိ​တော့တယ်... ဒါကို အရင်ကတည်းက ငါစဉ်းစားခဲ့ပြီးသား ငါ့မှာ ညည်းညူစရာ မရှိဘူး!"

ကျောင်းအုပ်ကြီး ဟောင်ယန်က အံကြိတ်ပြီး ဆက်ပြောလေ၏။

"ငါ့ရဲ့ နန်ဟိုင် တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်ကို လွှတ်ပေးဖို့ မျှော်လင့်တယ်... ကျောင်းသားတွေနဲ့ ဆရာတွေ အားလုံး အပြစ်ကင်းပါတယ်!"

ပေရွှီး တော်ဝင်အင်ပါယာကို ဖျက်ဆီးလိုသည်ဟု လူငယ် ပြောလိုက်သည်ကို ကြားသောအခါ သူ ထိတ်လန့်သွားခဲ့သည်။

သူစိတ်ဆန္ဒကြောင့် နန်ဟိုင်က ယင်းယန်ကျောင်းတောကို အဆုံးမဲ့ ဘေးဒုက္ခတွေ ယူဆောင်လာမိမှာကို စိုးရိမ်မိသေးသည်။

ကောင်လေးက ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်း အကူအညီဖြင့် ဤနေရာတွင် ၎င်းတို့ကို သတ်လိုက်သလိုမျိုး နန်ဟိုင် တော်ဝင်အင်ပါယာကို ရောက်ရင်လည်း ဒီနည်းလမ်းကို ဆက်မသုံးဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

ကျောင်းကို ဒေါသထွက်ပြီး တစ်ကျောင်းလုံးကို သတ်ပစ်လိုက်ရင် သမိုင်းမှာ သူဟာ အပြစ်သား ဖြစ်သွားလိမ့်မည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now