Arc 3🗡209🗡ဟန်ရောင်ရဲ့ဆရာ

200 21 0
                                    

Chapter (209) Arc 3
ဟန်ရောင်ရဲ့ဆရာ

"လတ်စသတ်တော့ အဲ့လိုကိုး!"

နှစ်ဘက်စလုံးက ဒီလို ကြီးမားတဲ့ ပဋိပက္ခတွေ ရှိခဲ့တာကို ကြားရတော့ ကျောင်းအုပ်ကြီး ဟောင်ယန်နှင် ရှောင်းယွမ်ထျန်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် လုရွှမ်ကို သတ်ပစ်ချင်တဲ့ တစ်ဖက်လူရဲ့ သဘောထားကို ယုံလိုက်ကြသည်။

လူမြင်ကွင်းမှာ မျက်နှာကို အရိုက်ခံရတဲ့ အတွက် ကျောင်းအုပ်ကြီးနဲ့ ဘုရင်မင်းမြတ်လို လူတို့ ခံနိုင်ရည်မရှိတာ အံ့သြစရာတော့ မဟုတ်ချေ။

"ငါတို့ အစီအစဥ်ကို သဘောတူပြီးပြီ.... မနက်ဖြန် အဲဒီကောင်လေးကို ခေါ်ထုတ်ပြီး သူ့ကိုသတ်ဖို့ အခွင့်အရေး ယူရမယ်!"

ယခု သူတို့တို့သည် တူညီသော အမုန်းရန်​ငြိုးများကို မျှဝေခံစား နေကြသဖြင့် ကျန်အရာများမှာ အလွယ်တကူ ပြောဆိုရန် အဆင်ပြေသွား၏။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက သူတို့ ဆွေးနွေးခဲ့သည့် အစီအစဉ်ကို ရှင်းပြခဲ့သည်။

"ကောင်းပြီ ခင်ဗျားတို့ရဲ့ နည်းလမ်းအတိုင်း လုပ်လိုက်ကြရအောင်... မနက်ဖြန် ကျုပ်တို့အတူတိုက်မယ်... အဲဲဒီနတ်ဆိုးကောင်ကို သေချာပေါက် သတ်ပစ်ရမယ်!"

တိကျသော နည်းလမ်းကို ဆွေးနွေးပြီးနောက် ကျောင်းအုပ် ဟောင်ယန်နှင့် ရှောင်းယွမ်ထျန်းတို့က တစ်ချိန်တည်းတွင် ခေါင်းညိတ်လိုက်သည်။

ဤလူအုပ်စု၏ ခွန်အားသည် အားကောင်းသော်လည်း ရှောင်းချင်ထျန်းနှင့် ယှဉ်နိုင်သော လုရွှမ်၏ ဝိညာဥ်သားရဲကို အနည်းငယ် ကြောက်နေကြဆဲပင်။

ဘာပဲဖြစ်ဖြစ် ပေရွှီး တော်ဝင်အင်ပါယာ ဘက်မှာက ပိုမိုကောင်းမွန်သော ဗျူဟာ တစ်ခုရှိသောကြောင့် ပူးပေါင်း ဆောင်ရွက်လို စိတ်ရှိကြသည်မှာ သေချာပါသည်။

ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပန်းတိုင်က လုရွှမ်ကို သေစေဖို့ဖြစ်ပြီး အဆုံးမှာ ဘယ်သူသေမယ် ဆိုတာ အရေးမကြီးပါဘူး။

တစ်ဖက်က လုရွှမ်ကတော့ ချူဝမ့်ရှန်းနှင့် အခြားသူများ သူ့ကိုသတ်ရန် ကြံစည်နေမှန်း မသိခဲ့ပေ။ ယခုအချိန်တွင် သူလေ့ကျင့်မှုပြီးသွားကာ အခန်းထဲက ထွက်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now