Arc 4🗡106🗡ယွိလင်းလုံ

94 15 0
                                    

Chapter (106) Arc 4
ယွိလင်းလုံ

"ဒါ……"

လုရွှမ်၏ အမူအရာကို မြင်ရသောအခါ သူတော်စင်တစ်ပိုင်း ညီအစ်ကိုများသည် မငြိမ်မသက် ဖြစ်လာသော်လည်း မိမိကိုယ်ကို ချုပ်နှောင်မှုအောက်တွင် လုရွှမ်၏ လှုပ်ရှားမှုများကို ငြိမ်သက်စွာ ကြည့်ရှုနေကြဆဲ ဖြစ်သည်။

သူတို့လည်း လှုပ်ရှားချင်ကြတာပေါ့။ ဒီနေရာက ကောင်းကင်နဲ့ မြေကြီးစွမ်းအင်တွေနဲ့ သုခဘုံဖြစ်သလို သူတို့ နားမလည်နိုင်သော ပြောင်းလဲမှုတစ်ခုကလည်း ဖြစ်ပေါ်​နေခဲ့သည်။

တစ်ကြိမ် ရှိလျှင် နှစ်ကြိမ်လည်း ရှိလာနိုင်တာကြောင့် သတိထားနေရတာက အကောင်းဆုံးပဲ ဖြစ်လေသည်။

နဂါးဝိညာဉ်မြက်ပင်ကိုလည်း စစ်ဆေးကြည့်ရာ ကွာခြားမှု အနည်းငယ်မျှ မတွေ့ခဲ့ရပေ။ အဲဒါက အတိအကျ ဘာဖြစ်နေမှန်း နားမလည်တာကြောင့် သူတို့ကို ပိုပိုပြီး စိုးရွံ့လာစေသည်။

လုရွှမ်က ပို၍ပင် စိုးရွံ့နေခဲ့သည်။ ဤမျှကြီးမားသော ဝိညာဉ်မြက်ပင် အခင်းကြီးကြောင့် နဂါးဝိညာဥ်မြက် တုံ့ပြန်လာမယ့် အချိန်စောသွားရင် သူ့အတွက် အချိန်နှောင်းသွားမည်ကို သူကြောက်နေခြင်းပင်။

သူသည် ပျံသန်းသွားသလိုမျိုး လှုပ်ရှားလိုက်ကာ စိမ်းပြား နဂါး၏ အငွေ့အသက်ကို ခဏတာ စုပ်ယူလိုက်သည်။ နဂါးဝိညာဥ်များကို ဆွဲထုတ်ပြီး နောက်ကျောက တောင်းထဲကို ပစ်ချလိုက်ပြီး ဒီဆေးခင်းထဲမှာ အဆက်မပြတ် ပြေးလွှားနေ၏။

သူ့ပုံစံကို ကြည့်ပြီး လူလေးယောက်မှာ တဖြေးဖြေး အံ့သြလာခဲ့ကာ သူတို့ ဘယ်တော့မှ အဲ့လောက်ထိ မလုပ်နိုင်မှန်း နားလည်လာကြသည်။ ဒါပေမဲ့ လုရွှမ်ရဲ့ အသွင်အပြင်ကို ကြည့်ရင် သူသည် ပျင်းရိပုံ မပေါ်တာကြောင့် သူတို့ကို အနည်းငယ် သံသယ ဖြစ်မိလာသလို အပြစ်ရှိစိတ်ကိုလည်း ခံစားလာရ​စေသည်။

လုရွှမ် မြေပြင်မှ ပေါင်းပင်အစုအဝေးကို ဆွဲထုတ်လိုက်သောအခါ သူတော်စင် ဝိညာဉ်မြက်ပင်များ၏ အငွေ့အသက်သည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာတာကို သူတို့ ခံစားလာရသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now